Knowledge

မေ့တတ်သူတွေအတွက် မှတ်ထားသင့်သောနည်းလမ်းကောင်းများ

လူတိုင်းနီးပါး မေ့တတ်ကြမယ်ထင်ပါတယ်။ အက်မင်ကတော့ မကြာခဏမေ့တတ်ပါတယ်။ တစ်ခုခုဆို လက်ထဲမှာလေးတင် မေ့ပြီး ဘယ်နားထားမိမှန်းမသိတော့တာမျိုး၊ ခုလေးတင်ထားပြီးလိုက်တာကို လိုက်ရှာနေတတ်တာမျိုး စသည်ဖြင့် မေ့တတ်တာတော့အမှန်ပါပဲ။ အဲဒါကြောင့် မေ့တတ်တဲ့အခါ အထူးသတိထားပြီး မှတ်ထားလို့ ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ (၁) မှတ်စုစာအုပ်လေးနဲ့ မှတ်ထားပါ။ ခုနေသတိရနေပေမယ့် ခဏနေမေ့ချင်မေ့သွားမယ့် ကိုယ့်အကြောင်းကိုယ်သိသူများအဖို့ မှတ်စုစာအုပ်လေးတစ်အုပ်လောက်ဆောင်ထားတာအကောင်းဆုံးပါ။ ခဏနေမေ့တော့မယ့် အကြောင်းအရာမှတ်စရာမျိုးကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီး နေ့စွဲနဲ့တကွ မှတ်ထားလိုက်ပါ။ ပြီးရင်တော့ မှတ်စုစာအုပ်ကို သင်လွယ်နေကျ […]

Knowledge

အောင်မြင်မှု ခရီးလမ်းကို အဆုံးထိရောက်ဖို့အတွက် ဒီအရာတွေ စွန့်လွှတ်ရလိမ့်မယ်

ဘဝဆိုတာ လုပ်စရာကိစ္စတွေ တသီကြီးနဲ့ ပြီးဆုံးတယ် မထင်ရတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ အခုကိုပဲ ကိုယ့်ရဲ့ To-Do List ကို ကြည့်လိုက်ပါ။ ကိုယ့်မှာ အခုလုပ်နေတာအပြင် ဘာတွေ လုပ်ဖို့ ရှိသေးလဲ ဆိုတာ အများကြီး တွေ့ရပါလိမ့်မယ်။ ဒီလိုများပြားလှတဲ့ လုပ်စရာအလုပ်တွေနဲ့ လုပ်ချင်တဲ့ အလုပ်တွေအကြားမှာ ပိတ်လှောင်နေကြရင်းနဲ့ ပန်းတိုင်ပျောက်တဲ့သူတွေလည်း အများကြီး ရှိမှာပါ။ ဒါကြောင့် နေ့စဉ်ပန်းတိုင်ဆီ အရောက်သွားရာမှာ ရှောင်သင့်တဲ့အကျင့်တစ်ချို့အကြောင်း ပြောပြချင်ပါတယ်။ (၁) လုပ်စရာအများကြီး […]

Knowledge

လူချမ်းသာတွေ လိုက်နာတဲ့ ပိုက်ဆံချွေတာရေး နည်းလမ်း (၃) ခု

ပိုက်ဆံ ဟာ ချွေတာသုံးပြီးးမဖြုန်တီးသရွေ့ မိမိတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးတဲ့အရာ ဖြစ်ပါတယ်။ လူတွေအားလုံးဟာ နေ့စဉ်သုံးစွဲဖို့ ငွေကြေးတွေကို ရှာဖွေရင်းနဲ့ အချိန်တွေ အများကြီး ကုန်လာကြပါတယ်။ ဒီအချိန်မှာ ဂရုစိုက်ရမှာကတော့ လူချမ်းသာ ပိုက်ဆံကို ဘယ်လိုများ ချွေတာသုံးသလဲဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ဒီတခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ ချမ်းသာတဲ့လူတွေ လိုက်နာလေ့ရှိတဲ့ ပိုက်ဆံချွေတာနည်းတွေပဲ ဖြစ်ပါတယ်။ (၁) ၂၄ နာရီ စည်းမျဉ်း […]

Knowledge

ဒီအချက် (၁၀)ချက်က သင့်ဘဝကို စိတ်ချမ်းသာအောင် ပံ့ပိုးပေးနိုင်တယ်

စိတ်ချမ်းသာအောင် နေနည်း(၁၀)ချက် ၁။ သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ် စသည်ဖြင့်) ၂။ ပြီးခဲ့တဲ့ ဒေါသထွက်စရာတွေစိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။ ၃။ မဖြစ်သေးတဲ့အကြောင်းအရာတွေကိုစိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။ ၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုစူးစူးစိုက်စိုက် လုပ်ကြည့်ပါ။ ၅။ ကိုယ့်အကြောင်းကိုကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်းကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။ (ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး) ၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်နှမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။(ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲယူပါ) ၇။ ကိုယ့်ချစ်သူကသစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါသူ့အကြောင်းကို စောစောစီးစီးသိလိုက်ရလို့အသဲကွဲချင်လဲယာယီတော့ […]

Uncategorized

ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးဆိုတာ

ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးဆိုတာ လိပ်တစ်ကောင်နဲ့ ငှက်တစ်ကောင် လိပ်တစ်ကောင်က သစ်ပင်အောက်မှာ အနားယူနေပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တစ်ကောင်က အ သိုက်လုပ်ပြီးနေထိုင်ပါတယ်။ လိပ်က ငှက်ကို လှောင်ပြောင်လိုက်ပါတယ်။ “သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ်ပဲ့လွယ်တဲ့အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်းမရှိဘူး။ စုတ်ပြတ်နေတာပဲ။ ကိုယ့်အတွက်ဆောက်တဲ့အိမ်တောင်မှ ဘာလို့စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံဆိုရင် မင်းရဲ့အသိုက်ထက်တောင် ပိုကောင်းသေး” လို့ လှောင်လိုက်ပါတယ်။ “ဟုတ်တယ်…ကျိုးပဲ့လွယ်တဲ့အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ […]