Knowledge

ဂျာအေးကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ်

ဂျာအေးကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ် ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ဘယ်ကစပြီး ဘယ်တော့ဆုံးမယ်မှန်းမသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ငယ်စဉ်ကတည်းကအလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ်သိသူနည်းပါးဦးမှာပါ… ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ခုနှစ်နဲ့မူရင်း အဓိပ္ပါယ်ကို သေချာမသိရပါဘူး.. ဒါပေမယ့်ကံအကြောင်းတိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်.. မုန့်လုံးကိစက္ကူကပ်ပါလို့ မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာငါးပါးသက္ကာယတရားတွေကိုတဏှာဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်.. ကြာကလပ်နဲ့ ဆွမ်းတော်တင်နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ […]

Knowledge

မြွေတစ်ကောင် (အန္တရာယ်ရှိတဲ့မြွေ)အဆိပ်ရှိမရှိ မြင်တာနဲ့ သိနိုင်တဲ့ အချက် (၇)ချက်

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်းရာချီရှိပြီး အဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေလည်းရှိပါတယ်။ ဘယ်သူမဆို မြွေဆိုတဲ့သတ္တဝါကိုမြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲသတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာ အဆိပ်ရှိမရှိကို မြင်တာနဲ့သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့်ရုံအဆိပ်ရှိမရှိသိနိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ ။ ၁။ မျက်လုံး – အဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတဲ့ အဆိပ်ရှိတဲ့မြွေတွေကတော့ ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်။ ဒါပေမယ့် အာဖရိကမှမြွေဟောက်နက် ၊ မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်းသူငယ်အိမ်ရှိပါတယ်။ ၂။ အပူအာရုံခံပေါက် – များသောအားဖြင့် […]

Knowledge

ဒီလိုလူမျိုးနဲ့ ဆုံခွင့်ရခဲ့ရင် တန်ဖိုးထားပေးပါ

ကိုယ့်ကို ကောင်းစေချင်လို့ အပြောဆိုးပေမယ့်စေတနာပါရင် အဲ့ဒီလူကို တန်ဖိုးထားပေးပါ။ ကိုယ့်အနားအမြဲရှိမနေတတ်ပေမယ့် ကိုယ်ဒုက္ခရောက်ရင်ခေါင်းမရှောင်ဘဲ ကူညီတတ်သူကို တန်ဖိုးထားပေးပါ။ ကိုယ့်ပျော်ရွှင်မှူတွေကို မဖျက်စီးဘဲ ကိုယ့်လွတ်လပ်ခွင့်တွေကို ဖြစ်သင့်တာနဲ့ ဖြစ်နိူင်တာကြားမှာနေတတ်သွားအောင် လေ့ကျင့်ဘောင်ခတ်ပေးသူကိုတန်ဖိုးထားပေးပါ။ ကိုယ်အောင်မြင်ချိန်မှာ လက်ခုပ်မတီးပေးတတ်ပေမယ့်ကိုယ်မအောင်မြင်ခင်နှင့် ကျရှုံးမှူတွေကြုံလာတိုင်းမျက်ရည်သုတ် အားပေးနှစ်သိမ့်ပေးသူကို တန်ဖိုးထားပေးပါ။ လူ့ဘဝကို လက်ကမ်းကြိုဆိုပေးခဲ့တဲ့ လက်ဦးဆရာ မိဘနှစ်ပါးအား မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေတန်ဖိုးထားပေးပါ။ ကိုယ့်ရဲ့ အကောင်းဆုံးတွေကို လက်ခံခဲ့သလိုကိုယ့်ရဲ့အဆိုးဆုံးတွေကို အနစ်နာခံသည်းခံတတ်သူကိုတန်ဖိုးထားပေးပါ။ ကိုယ့်နှလုံးသားကို ရင့်ကျက်လာအောင်နှင့်ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းတတ်လာပီးအထီးကျန်မှုတွေကြားမှာ ပျော်အောင်နေတတ်လာအောင်လေ့ကျင့်သင်ခန်းစာပေးတတ်သူတွေကို တန်ဖိုးထားပေးပါ။ […]

Knowledge

“ဝေဖန်တာလောက် လွယ်တဲ့အလုပ်မရှိဘူး”

လူတစ်ယောက်ဟာ ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကိုလူတွေဘယ်လိုပြောကြမလဲဆိုတာ အရမ်းသိချင်မိတယ် ။ အဲ့ဒါနဲ့ ဈေးထိပ်တစ်‌နေရာမှာ ပန်းချီကားချပ်ကို ချိတ်ထားပြီးအပေါ်မှာစာတစ်ကြောင်းရေးထားလိုက် တယ် ။ ရေးတဲ့စာကတော့ “အဆင်မပြေတာတွေ့ရင် ဝေဖန်နိုင်ပါတယ်”…ပေါ့ ။ ဈေးသွားဈေးလာလူတွေအားလုံးက ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။ သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ တစ်ခုမှ အဆင်မပြေဘူး… တဲ့ ။ ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့ ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ […]

Knowledge


အင်တာနက်ဖြတ်ခံရတဲ့ နေရာဒေသတွေအတွက် အင်တာနက် ဖြတ်ခံရတဲ့ဒေသတွေ တစ်နယ်လုံး ဖုန်းကတ်တစ်မျိုးတည်းသုံးပါ နောက် တစ်နယ်လုံးတူညီတဲ့ ဖုန်းကတ် တစ်မျိုး အရံထားပါ ဥပမာ အော်ရီဒူးတစ်မျိုးပဲ ဖုန်းခေါ် မက်ဆေ့ချ်ပို့လုပ်ပြီး ကျန်တဲ့ တယ်လီနောကို အော်ရီဒူးပျက်သွားရင်သုံးဖို့အရံထားပါ ​အွန်လိုင်း ရတဲ့ဒေသတွေကနေ အဲဒီဒေသတွေဆီကို အွန်လိုင်း ပေါ်ကနေ အရေးပါပြီး သိသင့်သိထိုက်တဲ့ သတင်းအကျဥ်းချုပ်တွေကို မက်ဆေ့ချ် နဲ့ပို့ပေးပါ အဲဒါကိုမှ အချင်းချင်း ပြန်ဖြန့်ကြပါဒီနေရာမှာ သတင်းအမှားအမှန် ခွဲခြားတတ်ဖို့တော့ အရေးကြီးပါတယ် ယုံကြည်ရတဲ့လူ […]

Knowledge

အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကိုဝင်ရင် ဘုန်းနိမ့်တတ်ပါသလား

အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်တတ်သလား? ” နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာ မဟုတ်ပဲ ” ထင် ”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ …” ” ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီလို နူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ် ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး။ “ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကိုရောက်သွားတယ်။ […]

Knowledge

“ဝဋ်ပြန်ခံရမှာ ကြောက်ရင်”

“ဝဋ်ပြန်ခံရမှာ ကြောက်ရင်” ကိုယ့်ထက်သာတယ် ဆိုပြီးသူတစ်ပါးကိုချောက်တွန်းဖို့ မကြိုးစားလိုက်ပါနဲ့။အခွင့်အရေးရတယ် ဆိုပြီးသူတစ်ပါးကိုမတရားပြုလုပ်ဖို့ မကြိုးစားလိုက်ပါနဲ့။ အသာစီးရတယ် ဆိုပြီးသူတစ်ပါးကိုအနိုင်ကျင့်ဖို့ မကြိုးစားလိုက်ပါနဲ့။သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ ကိုယ့်အလှည့်ရောက်မှလောကကြီးက မတရားဘူးဆိုပြီးတော့ညည်းတွား မနေပါနဲ့။ တစ်ကယ်တော့ ဝဋ် ဆိုတာမျက်နှာ မလိုက်ဘူး။ တောင်းပန်ပေမဲ့တောင်းပန်လို့လည်း မရဘူး။ဝဋ် ဆိုတာငွေကိုလည်း မကြည့်ဘူး။ရာထူးအာဏာကိုလည်း မကြည့်ဘူး။ ဝဋ် ဆိုတာရပ်နေတဲ့အမျိုးလည်း မဟုတ်ဘူး။အမြဲတမ်းလည်ပတ်နေတဲ့ အမျိုးပါ။ ဒါကြောင့်ကိုယ်လုပ်သမျှကိုယ်ပြန်ခံစားရမှာ ကြောက်ရင် သူတစ်ပါးကိုမတရားမှုတွေ မပြုလုပ်မိပါစေနဲ့။ Credit #အရှင်ဇဝန(ရွှေကုန်းမြေ) Zawgyi ဖြင့်ဖတ်ပါ […]

Knowledge

တန်ဖိုးကြီးသော စကားကြီး သုံးခွန်း

တန်ဖိုးကြီးသော စကားကြီး သုံးခွန်း ၁။ နွယ်ပင် မဖြစ်စေနဲ့။ သူများကို အားကိုးတယ်ဆိုတာခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတကနိုင်ဘူး။အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်းအမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။ ၂။ ထမင်းပူကို မစားနဲ့။ သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာရအောင်ယူရင်အဲဒါ ထမင်းပူစားတာနှင့်တူတယ်။ဒါကြောင့်မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။ ၃။ […]