




Unicode

နောက်ဆို မိဘစကားနားထောင်ပါ့မယ်ဆိုပြီး လက်ကလေးပိုက်ကာ မေမေ့ကိုရိုရိုသေသေပြောနေတဲ့ ချမ်းမီမီကိုသားလေးရဲ့ဗီဒီယိုဖိုင်

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ချမ်းမီမီကိုပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိခဲ့ပြီးနောက် အချိန်အတော်ကြာပျောက်ကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင်လပိုင်းလောက်က ချမ်းမီမီကိုတစ်ယောက် ပရိသတ်တွေရဲ့ ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာတော့ ချစ်ရတဲ့ သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သားလေးဟာ အသက်ငယ်သေးပေမယ့်လည်း မိခင်ဖြစ်သူကို စိတ်ချမ်းသားအောင်အမြဲဂရုစိုက်နေတဲ့ သားလိမ္မာလေးပါ။ ဒီလို သိတတ်လိမ္မာတဲ့သားလေးကို တစိမ့်စိမ့်ကြည့်ကာ ချမ်းမီမီကိုတစ်ယောက် ကြည်နူးပီတိဖြစ်နေရတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နောက်ဆို မိဘစကားနားထောင်ပါ့မယ်ဆိုပြီး လက်ကလေးပိုက်ကာ မေမေ့ကိုပြောနေတဲ့ ချမ်းမီမီကိုသားလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Chan Mi Mi Ko

Be the first to comment

Leave a Reply

Your email address will not be published.


*