ဖတ္ၿပီး ေတြးၾကည့္ပါအရမ္းေကာင္း ပါတယ္

တစ္ပုဒ္ခ်င္းဖတ္ၿပီး ေတြးၾကည့္ပါအရမ္းေကာင္း ပါတယ္။

ဂ်ဴး လူမ်ိဳးတို႔ရဲ႕ စာသား

( 1 ) ေရညစ္တစ္စက္ေၾကာင့္ ေရၾကည္တစ္ခြက္ ညစ္ပတ္သြားတယ္ ။ ေရၾကည္တစ္စက္ေၾကာင့္ ေရညစ္တစ္ခြက္ဘယ္ေတာ့မွ ၾကည္လင္လာမွာ မဟုတ္ပါဘူး !!

( 2 ) ဘယ္သူ႔မွ ခိုးယူမသြားႏိုင္တဲ့ အရာသုံးမ်ိဳး ရွိတယ္။ ဗိုက္ထဲကို ဝင္ၿပီးတဲ့ အစာစိတ္အတြင္းထဲက အိပ္မက္နဲ႔ ဦးေနာက္ထဲအထိ ၊ ဖတ္မွတ္ထားတဲ့ စာေကာင္းေပမြန္မ်ား ျဖစ္ပါတယ္ !!

( 3 ) ျမင္းေတြဟာ ေပ်ာ့ေျပာင္းတဲ့ လမ္းေပၚမွာ ခြာလိပ္သြားတတ္တယ္လူေတြဟာလည္း ခ်ိဳျမေသာစကားသံမ်ားၾကားမွာ ႏွစ္မြန္းသြားတတ္တယ္ !!

( 4 ) လူ႔ ဘဝခရီးမွာ ကံဆိုးျခင္းနဲ႔ ကံေကာင္းျခင္းဆိုတာ သဲသဲကြဲကြဲ မခြဲထားပါဘူး ကံဆိုးျခင္းကေန ႐ုန္းထြက္ႏိုင္ရင္ ကံေကာင္းျခင္းျဖစ္ၿပီး၊ ကံေကာင္းျခင္းအေပၚ ဇိမ္ခံေနရင္ -ကံဆိုးျခင္း ျဖစ္လာမွာပါ !!

( 5 ) တကယ္လို႔ သင္စာမဖတ္ခဲ့ဘူး ဆိုရင္ မိုင္ေပါင္း တစ္ေသာင္း ခရီးထြက္ရင္လည္း စာပို႔လုလင္အဆင့္သာျဖစ္တယ္ !!

( 6 ) သင့္ရဲ႕ အိမ္နီးနားခ်င္းက မနက္ ( ၂ )နာရီအထိ စႏၵာယားတီးေနရင္လည္း စိတ္မဆိုးပါနဲ႔ သူ႔ကို မနက္ ( ၄ )နာရီမွာႏႈိးၿပီး နားေထာင္လို႔ အရမ္းေကာင္းေၾကာင္း ေျပာျပလိုက္ပါ !!( ပညာသားပါပါ နဲ႔  )

( 7 ) သင္ရဲ႕ တစ္ဘဝလုံးမွာေတာက္ေလွ်ာက္သာ ေစာင့္ေမွ်ာ္ေနမယ္ဆိုရင္ ၊ ေျပာင္းလဲမူ တစ္ခုသာ ျဖစ္ေပၚလာလိမ့္မယ္ ၊ အဲဒါကေတာ့ သင္အိုသြားျခင္းပါပဲ !!

( 8 ) သူငယ္ခ်င္းအစစ္ဆိုတာေျပာမကုန္တဲ့ စကားေတြ ရွိေနတာမဟုတ္ပါဘူး ။ ေျပာစရာမရွိတဲ့ အခ်ိန္လည္း ေအာင့္သက္သက္ မခံစားရျခင္းပါ !!

( 9 ) အခ်ိန္ဟာ စိတ္အနာကိုကုစားႏိူင္တဲ့ သမားေတာ္ႀကီးပါ ဒါေပမဲ့ ျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့ ဆရာႀကီးေတာ့မဟုတ္ပါဘူး ။

( 10 ) ႀကိဳးစားၿပီးမွ ေနာင္တရရင္ ရပါေစမႀကိဳးစားပဲနဲ႔ လြဲသြားတဲ့ ေနာင္တမ်ိဳးေတာ့ မလိုခ်င္ဘူး !

CreditOriginalUploader

unicode

တစ်ပုဒ်ချင်းဖတ်ပြီး တွေးကြည့်ပါအရမ်းကောင်း ပါတယ်။

ဂျူး လူမျိုးတို့ရဲ့ စာသား

( 1 ) ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက်ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ဝင်ပြီးတဲ့ အစာစိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ် !!

( 4 ) လူ့ ဘဝခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -ကံဆိုးခြင်း ဖြစ်လာမှာပါ !!

( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!( ပညာသားပါပါ နဲ့ )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာတောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!

( 8 ) သူငယ်ချင်းအစစ်ဆိုတာပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ !!

( 9 ) အချိန်ဟာ စိတ်အနာကိုကုစားနိူင်တဲ့ သမားတော်ကြီးပါ ဒါပေမဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေမကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !

CreditOriginalUploader

Be the first to comment

Leave a Reply

Your email address will not be published.


*