ရင့်ကျက်ခြင်း အနုပညာ

ရင့်ကျက်ခြင်း အနုပညာ

နှလုံးသားနဲ့ရင်းပြီး..လိုက်လိုက်ပြီး ခံစားမိတော့ ဘဝဇာတ်က နာသထက်နာလာတယ်လေ..

ဦးနှောက်ကတွေးပြီး..ခံစားသက်ဝင်ဖြစ်မိပြန်တော့..နှလုံးသားက ထိခိုက်ခံစားရပြန်တယ်

မဖြစ်နိုင်တဲ့အကြောင်းကို…ထပ်တလဲလဲ ကြားနေရပါများလာတော့ မခံချင်တဲ့ စိတ်ကြောင့် ဒေါသဖြစ်ပြီး ပင်ပန်းရတာပဲအဖတ်တင်တယ်လေ

အလိုက်အထိုက်ဆိုတဲ့ စကားလုံးနဲ့ ကျင့်သားမရတဲ့ကိုယ့်အတွက် ဘဝမှာ နေရထိုင်ရတာက အရင်ကလို ပေါ့ပေါ့ပါးပါးမရှိတော့ဘူးလေ

ပေါ်ပင်မကြိုက်တတ်တဲ့ ကိုယ့်အကျင့်ကအများနဲ့ ဒွိဟဖြစ်နေသော်လည်း သေတဲ့အထိ အရိုးစွဲနေမဲ့ ကိုယ့်အကျင့်ကတော့ ပြုပြင်လို့မရခဲ့ဘူးလေ

ခံစားချက်ကို မြိုချ မပြတတ်တော့လည်းဟန်ဆောင် အပြုံးလေးတခုပြုံးပြနိုင်ဖို့တဖက်ကမ်းခတ်အောင် ကိုယ်ကမကျွမ်းကျင်ပြန်ဘူးလေ

စိတ်ထဲကမပါရင် အလွယ်တကူ မထောက်ခံတတ်သူမို့ ဘုမသိ ဘမသိနဲ့လည်း သူများယောင်တိုင်း ကိုယ်က လိုက်မယောင်တတ်ပြန် ဘူး

စိတ်ထဲမှာ မကျေမနပ်ဖြစ်လာရင် သူများတွေလို မင်သေသေ မနေတတ်ပြန်တော့

ဝုန်းဒိုင်းကျဲလိုက်မှ နေသာထိုင်သာရှိတော့လည်း အများအမြင်မှာကိုယ့်ကို ရိုင်းတယ်လို့ထင်ကြပြန်တယ်

တကယ်တော့ ကိုယ့်အသက်အရွယ်ဟာ ရင့်ကျက်သင့်ပြီဆိုတာကိုလည်း သိတယ်

ဒါပေမယ့်လည်း အသေသပ်ဆုံး ဟန်ဆောင်တတ်ခြင်းဟာ ကိုယ့်အတွက်က အခက်ခဲဆုံးပညာရပ်လည်းဖြစ်နေပြန်တယ်လေ

Credit-ဒေါက်တာမသိ င်္ဂီ(ရန်ကုန်တက္ကသိုလ်)

Sharing by-MT Star

ရင့္က်က္ျခင္း အႏုပညာ

ႏွလုံးသားနဲ႔ရင္းၿပီး..လိုက္လိုက္ၿပီး ခံစားမိေတာ့ ဘဝဇာတ္က နာသထက္နာလာတယ္ေလ..

ဦးေႏွာက္ကေတြးၿပီး..ခံစားသက္ဝင္ျဖစ္မိျပန္ေတာ့..ႏွလုံးသားက ထိခိုက္ခံစားရျပန္တယ္

မျဖစ္ႏိုင္တဲ့အေၾကာင္းကို…ထပ္တလဲလဲ ၾကားေနရပါမ်ားလာေတာ့ မခံခ်င္တဲ့ စိတ္ေၾကာင့္ ေဒါသျဖစ္ၿပီး ပင္ပန္းရတာပဲအဖတ္တင္တယ္ေလ

အလိုက္အထိုက္ဆိုတဲ့ စကားလုံးနဲ႔ က်င့္သားမရတဲ့ကိုယ့္အတြက္ ဘဝမွာ ေနရထိုင္ရတာက အရင္ကလို ေပါ့ေပါ့ပါးပါးမရွိေတာ့ဘူးေလ

ေပၚပင္မႀကိဳက္တတ္တဲ့ ကိုယ့္အက်င့္ကအမ်ားနဲ႔ ဒြိဟျဖစ္ေနေသာ္လည္း ေသတဲ့အထိ အ႐ိုးစြဲေနမဲ့ ကိုယ့္အက်င့္ကေတာ့ ျပဳျပင္လို႔မရခဲ့ဘူးေလ

ခံစားခ်က္ကို ၿမိဳခ် မျပတတ္ေတာ့လည္းဟန္ေဆာင္ အၿပဳံးေလးတခုၿပဳံးျပႏိုင္ဖို႔တဖက္ကမ္းခတ္ေအာင္ ကိုယ္ကမကြၽမ္းက်င္ျပန္ဘူးေလ

စိတ္ထဲကမပါရင္ အလြယ္တကူ မေထာက္ခံတတ္သူမို႔ ဘုမသိ ဘမသိနဲ႔လည္း သူမ်ားေယာင္တိုင္း ကိုယ္က လိုက္မေယာင္တတ္ျပန္ ဘူး

စိတ္ထဲမွာ မေက်မနပ္ျဖစ္လာရင္ သူမ်ားေတြလို မင္ေသေသ မေနတတ္ျပန္ေတာ့

ဝုန္းဒိုင္းက်ဲလိုက္မွ ေနသာထိုင္သာရွိေတာ့လည္း အမ်ားအျမင္မွာကိုယ့္ကို ႐ိုင္းတယ္လို႔ထင္ၾကျပန္တယ္

တကယ္ေတာ့ ကိုယ့္အသက္အ႐ြယ္ဟာ ရင့္က်က္သင့္ၿပီဆိုတာကိုလည္း သိတယ္

ဒါေပမယ့္လည္း အေသသပ္ဆုံး ဟန္ေဆာင္တတ္ျခင္းဟာ ကိုယ့္အတြက္က အခက္ခဲဆုံးပညာရပ္လည္းျဖစ္ေနျပန္တယ္ေလ

Credit-ေဒါက္တာမသိ ဂႌ(ရန္ကုန္တကၠသိုလ္)

Sharing by-MT Star

Be the first to comment

Leave a Reply

Your email address will not be published.


*