ပညာတတ်ဘွဲ့ရနှင့် ငါးစိမ်းသည်

ယနေ့မနက် ငါးကြော်လေး စားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန် ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင် ရှိသည်။ ငါးကြင်းတမျိုးတည်း ရောင်းပြီး ဖော်ရွေသည်။ ဝယ်သူ အကြိုက် မညည်းမညူ လုပ်ပေးလေ့ ရှိ သည်။

ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည် ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော် ငါးဝယ်သည့်ဆိုင်မှ မရွှေ ကို ခေါ်ပြချင်ပါသည်။

“ဦးလေး မရောက်တာကြာပြီ၊ ဘာလဲ ဆိုင်ဟင်းကို မုန်းလို့ ရောက်လာတာလား”

“မဟုတ်ပါဘူး၊ ခရီးထွက်တာတွေ များနေလို့”

“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့ တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်”

“အစိတ်သား လောက်ပဲနော်”

“၃၅ ကျပ်သား ရှိတယ် ဦးလေးရယ်၊ ၃၀ သားဖိုးပဲပေး”

“အေး အေး ခုတ်လိုက်”

ငါးဝယ်လျှင် အပိုဆောင်း အဖြစ် ကြော်နိုင်သည့် အတုံးလောက် ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင် တန်းကြော်ရုံသာ ဖြစ်သည်။

ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်းသည်။ အကြော်လည်း ရသည်။

ခေါက်ဆွဲသုပ် မှာပြီး ရေနွေးကြမ်း သောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော ကလေးတယောက်လည်း ပါလာသည်။

ပထမ ငါး မေးသည် အထက်စီး၊ ဒုတိယ ဈေးဆစ်သည် အကြိတ်အနယ်၊ တတိယ အပိုတောင်းသည် ကလေးမုန့်ဖိုးတောင်းသလို၊ ဤအထိ ပြဿနာမရှိ။ မရွှေက စိတ်ရှည်သည်။

“ငါးခုတ်ပေး”

“ကြော်တုံးလား ချက်တုံးလား”

“ငါပြောတဲ့ အတိုင်းခုတ်”

ငါးရောင်းသူက အကြေး ထိုးပေးသည်။ အူနုတ်ပေးသည်။ ခုတ်ပေးသည်။

“ဒီအတုံးကို နှစ်တုံး ပြန်ခုတ်”

“အမြီးပိုင်းကို ထက်ဝက်ခြမ်း”

“ခေါင်းကို ထက်ခြမ်းပဲ ခုတ်လေ”

“နေဦး နေဦး ဒီအပိုင်း မကြိုက်ဘူး၊ ဟိုတပိုင်း ခုတ်ပြီး လဲပေး”

ကျွန်တော်က ဈေးဝယ်သူ၏ စီးပိုးလှသော အပြောနှင့် ခိုင်းစေချက်များကို ကြည့်နေမိသည်။ ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။

“အမရယ် ဒီတကောင်ဝယ်ရင် ဒီတကောင်က အပိုင်းကိုပဲ ရမှာပေါ့၊ ဟိုအပိုင်း သွားလဲပေးလို့ မရပါဘူး”

“အတူတူပဲဟာ ဘာကွာလို့လဲ”

“ကွာတယ်လေ အမ၊ ဒါက ငါးကြင်းဖြူ”

“ကွာကွာ မကွာကွာအေ၊ လဲပေးမလား မလဲပေးဘူးလား”

“အမရယ် မဖြစ်နိုင်တာကို မပြောပါနဲ့ မရပါဘူး”

“ဟိုအတုံးကို ဒီအထဲထည့်၊ ဒီတတုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့ မရတာလဲ”

“အမျိုးအစား မတူဘူး အမရယ်၊ ဈေးလည်း မတူဘူး”

“ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”

“မရပါဘူး အမရယ်”

“ညည်းတို့ ငါးစိမ်းသည်တွေ ဟာလေ လက်ပေါက်ကို ကပ်တယ်။ ငါကလည်း အဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာ မှားပါတယ်”

“အဲဒီလို မပြောပါနဲ့ အမကြီးရယ် လူတိုင်း သူ့အဆင့်နဲ့ သူတော့ ရှိပါတယ်”

“ညည်းအဆင့် ဘယ်လောက် ရှိလဲ၊ ငါက ဘွဲ့ရပြီးပြီ”

“အမ၊ နောက်လူတွေ ရောင်းရဦးမယ်နော်၊ ဒီမှာ ၂၆၅၀ ကျပါတယ်”

“ရော့ ၃၀၀၀”

မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။ အမျိုးသမီးက ပြန်အမ်းငွေကို လက်နှင့်မကိုင် ရွံသလို မျက်နှာထားဖြင့် “ဟဲ့ တူးတူး ယူလိုက်စမ်း” ဟုပြောလိုက်သည်။ သူ့နောက်က ကောင်မလေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။ အမျိုးသမီးက “ရွံလိုက်တာ” ဟု ပြောကာ ထွက်သွားသည်။

ကျွန်တော်က ထင်နေသည်မှာ မရွှေ ပွဲကြမ်းလိမ့်မည်ဟု ထင်နေသည်။ သို့သော် ငါးရောင်းသည့် မရွှေက ပြုံးနေသည်။ ကျွန်တော် အံ့ဩသွားမိသည်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် ပွဲကြမ်းပြီ။ အပြင်တွင် အမှန်တကယ် တွေ့ နေရသည်က ပြောင်းပြန် ဖြစ်နေသည်။

ကားစီးလာသည့် ဘွဲ့ရ ဆိုသော အမျိုးသမီးက ကက်ကက်လန်၊ မတူမတန်သလို အော်ဟစ် ပြောဆိုနေချိန်တွင် ငါးရောင်းသည့် ငါးစိမ်းသည် မရွှေက ယဉ်ကျေးလိမ္မာ အေးဆေးစွာ တုံ့ပြန်နေသည်။

ဘွဲ့ဆိုတာ အဆင့်လား၊ ဘွဲ့ရထားသည်နှင့် အဆင့်တခုကို ရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။ သို့သော် ငါးစိမ်းတန်းတွင် ဂုဏ်ထုတ်ဖော်ကာ ရိုင်းစိုင်း တင်စီးပြသည်မှာ ဘွဲ့ရအဆင့်လား။

မရွှေက ဘယ်နှတန်း အောင်သည် မသိ။ လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။ လည်ပင်းတွင်လည်း လက်မလုံးလောက် ဆွဲကြိုးကြီး ဆွဲထားသည်။

သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။ သို့သော် ကိုယ့်ဖောက်သည်ကို ရိုသေလေးစားစွာ ဆက်ဆံသည်။ ပြန်ပြီးရန်မတွေ့။ မရွှေ ရန်တွေ့တတ်ကောင်း တွေ့တတ်မည်။

သို့သော် ပညာတတ် ဘွဲ့ရ ဆိုသူက သူ့ကို ကက်ကက်လန် ရန်တွေ့သွားပေမယ့် သူကပြန်ပြီး ရန်မတွေ့။ မရွှေသည် တကယ့်ပညာတတ်တယောက်။ သို့သော် ငါးရောင်းနေသည်။

crd တင်ညွန့်

Zawgyi

ပညာတတ္ဘြဲ႕ရႏွင့္ ငါးစိမ္းသည္

ယေန႔မနက္ ငါးေၾကာ္ေလး စားခ်င္လာသျဖင့္ ေဈးထဲကို ငါးဝယ္ရန္ ေရာက္လာသည္။ ကြၽန္ေတာ္ ဝယ္ေနက် ငါးဆိုင္ ရွိသည္။ ငါးၾကင္းတမ်ိဳးတည္း ေရာင္းၿပီး ေဖာ္ေ႐ြသည္။ ဝယ္သူ အႀကိဳက္ မညည္းမညဴ လုပ္ေပးေလ့ ရွိ သည္။

ငါးေရာင္းသူကို ငါးစိမ္းသည္ဟု ေခၚၾကသည္။ ငါးစိမ္းသည္ ဆိုသည္မွာ စြာတာတာ၊ ကက္ကက္လန္၊ မိုက္႐ိုင္းသည္ဟု ထင္လွ်င္ ကြၽန္ေတာ္ ငါးဝယ္သည့္ဆိုင္မွ မေ႐ႊ ကို ေခၚျပခ်င္ပါသည္။

“ဦးေလး မေရာက္တာၾကာၿပီ၊ ဘာလဲ ဆိုင္ဟင္းကို မုန္းလို႔ ေရာက္လာတာလား”

“မဟုတ္ပါဘူး၊ ခရီးထြက္တာေတြ မ်ားေနလို႔”

“ငါးၾကင္းျဖဴ ဗိုက္သားေလးနဲ႔ တြဲထားတဲ့အပိုင္း ခ်ိန္လိုက္မယ္ေနာ္”

“အစိတ္သား ေလာက္ပဲေနာ္”

“၃၅ က်ပ္သား ရွိတယ္ ဦးေလးရယ္၊ ၃၀ သားဖိုးပဲေပး”

“ေအး ေအး ခုတ္လိုက္”

ငါးဝယ္လွ်င္ အပိုေဆာင္း အျဖစ္ ေၾကာ္ႏိုင္သည့္ အတုံးေလာက္ ျဖစ္ေစရန္ ခုတ္ထစ္ေပးသည္။ အေၾကးထိုးေပး သည္။ ေရေဆးေပးသည္။ အိမ္ေရာက္လွ်င္ တန္းေၾကာ္႐ုံသာ ျဖစ္သည္။

ငါးဝယ္ၿပီးေနာက္ ငါးဆိုင္ေရွ႕ရွိ လက္ဖက္ရည္ဆိုင္တြင္ ကြၽန္ေတာ္ ထိုင္သည္။ ထိုဆိုင္တြင္ ေခါက္ဆြဲသုပ္ေကာင္းသည္။ အေၾကာ္လည္း ရသည္။

ေခါက္ဆြဲသုပ္ မွာၿပီး ေရေႏြးၾကမ္း ေသာက္ေနစဥ္ မေ႐ႊဆိုင္ကို အမ်ိဳးသမီးႀကီး တေယာက္ ဝင္လာသည္။ သူ႔ေနာက္တြင္ ဆြဲျခင္းဆြဲေသာ ကေလးတေယာက္လည္း ပါလာသည္။

ပထမ ငါး ေမးသည္ အထက္စီး၊ ဒုတိယ ေဈးဆစ္သည္ အႀကိတ္အနယ္၊ တတိယ အပိုေတာင္းသည္ ကေလးမုန႔္ဖိုးေတာင္းသလို၊ ဤအထိ ျပႆနာမရွိ။ မေ႐ႊက စိတ္ရွည္သည္။

“ငါးခုတ္ေပး”

“ေၾကာ္တုံးလား ခ်က္တုံးလား”

“ငါေျပာတဲ့ အတိုင္းခုတ္”

ငါးေရာင္းသူက အေၾကး ထိုးေပးသည္။ အူႏုတ္ေပးသည္။ ခုတ္ေပးသည္။

“ဒီအတုံးကို ႏွစ္တုံး ျပန္ခုတ္”

“အၿမီးပိုင္းကို ထက္ဝက္ျခမ္း”

“ေခါင္းကို ထက္ျခမ္းပဲ ခုတ္ေလ”

“ေနဦး ေနဦး ဒီအပိုင္း မႀကိဳက္ဘူး၊ ဟိုတပိုင္း ခုတ္ၿပီး လဲေပး”

ကြၽန္ေတာ္က ေဈးဝယ္သူ၏ စီးပိုးလွေသာ အေျပာႏွင့္ ခိုင္းေစခ်က္မ်ားကို ၾကည့္ေနမိသည္။ ကိုယ့္ေရွ႕လာခ်သည့္ ေခါက္ဆြဲကိုပင္ မစားမိ။

“အမရယ္ ဒီတေကာင္ဝယ္ရင္ ဒီတေကာင္က အပိုင္းကိုပဲ ရမွာေပါ့၊ ဟိုအပိုင္း သြားလဲေပးလို႔ မရပါဘူး”

“အတူတူပဲဟာ ဘာကြာလို႔လဲ”

“ကြာတယ္ေလ အမ၊ ဒါက ငါးၾကင္းျဖဴ”

“ကြာကြာ မကြာကြာေအ၊ လဲေပးမလား မလဲေပးဘူးလား”

“အမရယ္ မျဖစ္ႏိုင္တာကို မေျပာပါနဲ႔ မရပါဘူး”

“ဟိုအတုံးကို ဒီအထဲထည့္၊ ဒီတတုံးကို ဟိုျပန္ထည့္ ဘာျဖစ္လို႔ မရတာလဲ”

“အမ်ိဳးအစား မတူဘူး အမရယ္၊ ေဈးလည္း မတူဘူး”

“ဘာျဖစ္ျဖစ္ေအ ထည့္လိုက္ပါ”

“မရပါဘူး အမရယ္”

“ညည္းတို႔ ငါးစိမ္းသည္ေတြ ဟာေလ လက္ေပါက္ကို ကပ္တယ္။ ငါကလည္း အဆင့္မရွိတာနဲ႔မွ ဖက္ေျပာမိတာ မွားပါတယ္”

“အဲဒီလို မေျပာပါနဲ႔ အမႀကီးရယ္ လူတိုင္း သူ႔အဆင့္နဲ႔ သူေတာ့ ရွိပါတယ္”

“ညည္းအဆင့္ ဘယ္ေလာက္ ရွိလဲ၊ ငါက ဘြဲ႕ရၿပီးၿပီ”

“အမ၊ ေနာက္လူေတြ ေရာင္းရဦးမယ္ေနာ္၊ ဒီမွာ ၂၆၅၀ က်ပါတယ္”

“ေရာ့ ၃၀၀၀”

မေ႐ႊက ပိုေငြကို ျပန္အမ္းလိုက္သည္။ အမ်ိဳးသမီးက ျပန္အမ္းေငြကို လက္ႏွင့္မကိုင္ ႐ြံသလို မ်က္ႏွာထားျဖင့္ “ဟဲ့ တူးတူး ယူလိုက္စမ္း” ဟုေျပာလိုက္သည္။ သူ႔ေနာက္က ေကာင္မေလးက ပိုက္ဆံႏွင့္ ငါးထုပ္ကို ယူလိုက္သည္။ အမ်ိဳးသမီးက “႐ြံလိုက္တာ” ဟု ေျပာကာ ထြက္သြားသည္။

ကြၽန္ေတာ္က ထင္ေနသည္မွာ မေ႐ႊ ပြဲၾကမ္းလိမ့္မည္ဟု ထင္ေနသည္။ သို႔ေသာ္ ငါးေရာင္းသည့္ မေ႐ႊက ၿပဳံးေနသည္။ ကြၽန္ေတာ္ အံ့ဩသြားမိသည္။ ႐ုပ္ရွင္ေတြထဲမွာ ဆိုရင္ ပြဲၾကမ္းၿပီ။ အျပင္တြင္ အမွန္တကယ္ ေတြ႕ ေနရသည္က ေျပာင္းျပန္ ျဖစ္ေနသည္။

ကားစီးလာသည့္ ဘြဲ႕ရ ဆိုေသာ အမ်ိဳးသမီးက ကက္ကက္လန္၊ မတူမတန္သလို ေအာ္ဟစ္ ေျပာဆိုေနခ်ိန္တြင္ ငါးေရာင္းသည့္ ငါးစိမ္းသည္ မေ႐ႊက ယဥ္ေက်းလိမၼာ ေအးေဆးစြာ တုံ႔ျပန္ေနသည္။

ဘြဲ႕ဆိုတာ အဆင့္လား၊ ဘြဲ႕ရထားသည္ႏွင့္ အဆင့္တခုကို ေရာက္သြားသည္ေတာ့ မွန္ေကာင္းမွန္မည္။ သို႔ေသာ္ ငါးစိမ္းတန္းတြင္ ဂုဏ္ထုတ္ေဖာ္ကာ ႐ိုင္းစိုင္း တင္စီးျပသည္မွာ ဘြဲ႕ရအဆင့္လား။

မေ႐ႊက ဘယ္ႏွတန္း ေအာင္သည္ မသိ။ လက္ထဲတြင္ လက္ေကာက္ေတြ ႏွစ္ဖက္စလုံး ျပည့္ေနေအာင္ ဝတ္ထား သည္။ လည္ပင္းတြင္လည္း လက္မလုံးေလာက္ ဆြဲႀကိဳးႀကီး ဆြဲထားသည္။

သူဂုဏ္ေမာက္မည္ဆိုလွ်င္ ေမာက္ႏိုင္သည္။ သို႔ေသာ္ ကိုယ့္ေဖာက္သည္ကို ႐ိုေသေလးစားစြာ ဆက္ဆံသည္။ ျပန္ၿပီးရန္မေတြ႕။ မေ႐ႊ ရန္ေတြ႕တတ္ေကာင္း ေတြ႕တတ္မည္။

သို႔ေသာ္ ပညာတတ္ ဘြဲ႕ရ ဆိုသူက သူ႔ကို ကက္ကက္လန္ ရန္ေတြ႕သြားေပမယ့္ သူကျပန္ၿပီး ရန္မေတြ႕။ မေ႐ႊသည္ တကယ့္ပညာတတ္တေယာက္။ သို႔ေသာ္ ငါးေရာင္းေနသည္။

crd တင္ၫြန႔္

Be the first to comment

Leave a Reply

Your email address will not be published.


*