သားသမီးကို ရိုင်းစေချင်တဲ့ မိဘရယ်လို့ ဘယ်ရှိပါ့မလဲ

ကိုယ့်သားသမီးကို ရိုင်းစေချင်တဲ့ မိဘ ရယ်လို့ ဘယ်ရှိပါ့မလဲ?ကိုယ်ကမိဘ အုပ်ထိန်းသူတစ်ယောက်ဆိုရင် ကိုယ့်သားသမီးကို ယဉ်ကျေး လိမ္မာ စေချင်ကြမှာ ဓမ္မတာပါပဲ။

ဒါပေမယ့် လောက မှာ ဖြစ်ချင်တဲ့အရာတိုင်းက လွယ်လွယ်ကူကူလေးဖြစ်လာတာမဟုတ်တဲ့အတွက် မဖြစ်လာတဲ့အခါလည်း စိတ်အရမ်းပူမသွားပဲ ကိုယ့်ဘက်က ဘယ်လို လေးတွေများ ထိန်းကျောင်းသင်ပြ ပေးမယ်ဆိုရင် အဆင်ပြေနိုင်မလဲဆိုတာ ကို ထပ်ပြီးကြိုးစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

1. ပျော်တတ်အောင်သင်ပေးပါ

ဒီအရွယ်ဟာ ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကောင်းပါ။ ဒီလိုအချိန်မှာမှ လောကကြီးရဲ့အနှစ်သာရကိုအပြည့်အ၀မခံစားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပဲ အတိုင်းတာတစ်ခုထိလွှတ်ထားပေးသင့်ပါတယ်။

2. အကောင်းမြင်တတ်အောင်သင်ပေးပါ

အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆယ်ကျော်သက်အရွယ်ထဲကနေတဖြည်းဖြည်းသင်ပေးပါ။ တစ်ဘ၀လုံးအတွက် စိတ်ချမ်းသာဖို့အကောင်းမြင်တတ်တဲ့စိတ်လေးလည်းရှိဖို့လိုပါတယ်။

3. တင်းတိမ်ရောင့်ရဲတတ်အောင်သင်ပေးပါ

ဒီအရွယ်မှာ အရှိသင့်ဆုံးကတော့တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ထားလေးပါပဲ…ဆိုလိုချင်တာက တစ်ချို့သော ဆယ်ကျော်သက်လေးတွေဟာ ဒီလိုမနူးမနပ်အရွယ်မှာ စိတ်ထွေပြီး အရမ်းကိုသူများထက်သာချင်တာမျိုး၊ လောဘကြီးတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိမိသားစုအခြေနေကိုနားလည်ပြီးမလိုအပ်တဲ့နေရာတွေမှာမလိုလောဘမကြီးဖို့ထိန်းပေးသင့်ပါတယ်။

4. ဝမ်းနည်းပါစေ၊ ကြာကြာစိတ်ဓာတ်မကျတတ်အောင်သင်ပေးဖို့လိုပါတယ်

စိတ်ပင်ပန်းမှုတွေရှိလာတဲ့ဝမ်းနည်းရင်ဝမ်းနည်းပါစေ လွှတ်ထားလိုက်ပါ၊ အချိန်တိုင်းတာတစ်ခုမှာတော့ပြန်ထနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင် သင်ကြားထားပေးပါ။

5. ကြိုးစားချင်စိတ်ကိုနိုးဆွပေးပါ

ဆယ်ကျော်သက်အရွယ်ဆိုတာဘ၀ရဲ့စလို့အကောင်းဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ သူတို့ဘ၀ကိုသူတို့ကြိုးစားချင်စိတ်ရှိလာအောင် နှိုးဆွပေးသင့်ပါတယ်။

ပျင်းရိငြီးငွေ့မှုတွေကိုဖယ်ရှားပေးပြီးဘ၀ဆိုတာဘယ်လိုရုန်းကန်ရမလဲ။ ဘာလိုချင်ရင်ဘယ်လိုကြိုးစားမရမယ်ဆိုတဲ့အသိလေးကိုထည့်ပေးဖို့လိုပါတယ်။

Credit -Trend myanmar

ကိုယ့္သားသမီးကို ႐ိုင္းေစခ်င္တဲ့ မိဘ ရယ္လို႔ ဘယ္ရွိပါ့မလဲ?ကိုယ္ကမိဘ အုပ္ထိန္းသူတစ္ေယာက္ဆိုရင္ ကိုယ့္သားသမီးကို ယဥ္ေက်း လိမၼာ ေစခ်င္ၾကမွာ ဓမၼတာပါပဲ။

ဒါေပမယ့္ ေလာက မွာ ျဖစ္ခ်င္တဲ့အရာတိုင္းက လြယ္လြယ္ကူကူေလးျဖစ္လာတာမဟုတ္တဲ့အတြက္ မျဖစ္လာတဲ့အခါလည္း စိတ္အရမ္းပူမသြားပဲ ကိုယ့္ဘက္က ဘယ္လို ေလးေတြမ်ား ထိန္းေက်ာင္းသင္ျပ ေပးမယ္ဆိုရင္ အဆင္ေျပႏိုင္မလဲဆိုတာ ကို ထပ္ၿပီးႀကိဳးစားၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။

1. ေပ်ာ္တတ္ေအာင္သင္ေပးပါ

ဒီအ႐ြယ္ဟာ ေပ်ာ္စရာေတြနဲ႔ျပည့္ႏွက္ေနတဲ့အခ်ိန္ေကာင္းပါ။ ဒီလိုအခ်ိန္မွာမွ ေလာကႀကီးရဲ႕အႏွစ္သာရကိုအျပည့္အ၀မခံစားရင္ သိပ္ႏွေျမာဖို႔ေကာင္းပါတယ္။ ဒါေၾကာင့္ ဒီအ႐ြယ္မွာ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေတြကိုမပိတ္ပင္ပဲ အတိုင္းတာတစ္ခုထိလႊတ္ထားေပးသင့္ပါတယ္။

2. အေကာင္းျမင္တတ္ေအာင္သင္ေပးပါ

အေကာင္းျမင္တတ္တဲ့စိတ္ေလးကို ဆယ္ေက်ာ္သက္အ႐ြယ္ထဲကေနတျဖည္းျဖည္းသင္ေပးပါ။ တစ္ဘ၀လုံးအတြက္ စိတ္ခ်မ္းသာဖို႔အေကာင္းျမင္တတ္တဲ့စိတ္ေလးလည္းရွိဖို႔လိုပါတယ္။

3. တင္းတိမ္ေရာင့္ရဲတတ္ေအာင္သင္ေပးပါ

ဒီအ႐ြယ္မွာ အရွိသင့္ဆုံးကေတာ့တင္းတိမ္ေရာင့္ရဲႏိုင္တဲ့ စိတ္ထားေလးပါပဲ…ဆိုလိုခ်င္တာက တစ္ခ်ိဳ႕ေသာ ဆယ္ေက်ာ္သက္ေလးေတြဟာ ဒီလိုမႏူးမနပ္အ႐ြယ္မွာ စိတ္ေထြၿပီး အရမ္းကိုသူမ်ားထက္သာခ်င္တာမ်ိဳး၊ ေလာဘႀကီးတာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ကိုယ့္ရဲ႕လက္ရွိမိသားစုအေျခေနကိုနားလည္ၿပီးမလိုအပ္တဲ့ေနရာေတြမွာမလိုေလာဘမႀကီးဖို႔ထိန္းေပးသင့္ပါတယ္။

4. ဝမ္းနည္းပါေစ၊ ၾကာၾကာစိတ္ဓာတ္မက်တတ္ေအာင္သင္ေပးဖို႔လိုပါတယ္

စိတ္ပင္ပန္းမႈေတြရွိလာတဲ့ဝမ္းနည္းရင္ဝမ္းနည္းပါေစ လႊတ္ထားလိုက္ပါ၊ အခ်ိန္တိုင္းတာတစ္ခုမွာေတာ့ျပန္ထႏိုင္တဲ့စိတ္ဓာတ္မ်ိဳးျဖစ္ေအာင္ သင္ၾကားထားေပးပါ။

5. ႀကိဳးစားခ်င္စိတ္ကိုႏိုးဆြေပးပါ

ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာဘ၀ရဲ႕စလို႔အေကာင္းဆုံးအခ်ိန္ပါ။ ဒီလိုအခ်ိန္မွာ သူတို႔ဘ၀ကိုသူတို႔ႀကိဳးစားခ်င္စိတ္ရွိလာေအာင္ ႏႈိးဆြေပးသင့္ပါတယ္။

ပ်င္းရိၿငီးေငြ႕မႈေတြကိုဖယ္ရွားေပးၿပီးဘ၀ဆိုတာဘယ္လို႐ုန္းကန္ရမလဲ။ ဘာလိုခ်င္ရင္ဘယ္လိုႀကိဳးစားမရမယ္ဆိုတဲ့အသိေလးကိုထည့္ေပးဖို႔လိုပါတယ္။

Credit -Trend myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*