ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိ ဖြစ်လာနေတဲ့ ဘဏ်လုပ်ငန်းများ

ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိ ဖြစ်လာနေတဲ့ ဘဏ်လုပ်ငန်းများ

ဘဏ်တွေမှာ ယခင်က ATM မှာတန်းစီပြီး ငွေထုတ်လို့ရနေပေမယ့် ခုချိန်မှာ ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိဖြစ်လာနေတာတွေ့ရပါတယ်။လက်ရှိအချိန်ထိ ဘဏ်ထဲမှာရှိနေတဲ့ငွေကို လွယ်လွယ်ကူကူထုတ်မရသေးတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်များသာမက နေ့စဉ်အသုံးစရိတ်အတွက်ပါ ငွေရှိပြီး ငွေထုတ်မရပဲ အခက်အခဲများစွာရင်ဆိုင်နေကြရဆဲပဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်းကစလို မြန်မာနိုင်ငံမှာငွေသားရှားပါးတဲ့ ပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။ယခင်က ကိုဗစ်ကပ်ကြောင့်စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့လည်း ကိုယ့်ငွေက ဘဏ်အကောင့်ထဲမှာရှိတယ်ဆိုရင်ဘဏ်တွေမှာသွားထုတ်လိုရသလို ATM စက်တွေမှာလည်း ထုတ်ယူလိုရနေခဲ့ပါသေးတယ်။

နစကတာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီလတစ်ရက်ကနေ ဇွန်လလောက်ထိ ATM မှာတန်းစီငွေထုတ်ရတာ၊ဘဏ်တွေမှာတန်းစီစောင့်ဆိုင်းပြီးမှ ငွေထုတ်ရတာတွေရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ATM စက်တွေမှာငွေမဖြည့်ကြတော့ပါဘူး။

တချို့ပြည်သူတွေကတော့ ဘဏ်တွေမှာအပ်ထားတဲ့ ငွေကိုသွားပြီး ထုတ်တာတွေလုပ်လာကြသလိုဘဏ်စာရင်းနံပါတ်ချင်း bank account transferနဲ့ ရာခိုင်နှုန်းတစ်ခုပေးပြီးကိုယ့်ငွေကိုကိုယ်ပြန်ထုတ်နေကြတာလည်းရှိနေပါတယ်။ဒါတွေကိုကြည့်မယ်ဆိုရင် ဘဏ်တွေအပေါ်မှာယုံကြည်မှုကျဆင်းနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိဘဏ်တွေမှာထည့်ထားတဲ့ ပိုက်ဆံတွေကိုလိုသလောက်ထုတ်လိုမရနိုင်သေးတဲ့ အခြေအနေဖြစ်နေတာပါ။

ထုတ်တဲ့သူတွေများလေလေ ဘဏ်တွေရဲ့ အခြေအနေတွေက ပိုပြီးအဆိုးဘက်ကိုရောက်လေ ဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာဘဏ်တွေအနေအမြန်ဆုံး ဖြေရှင်းပေးသင့်သလို ဘဏ်စုငွေကို အတိုးနှုန်း တိုးမြှင့်ပေးရန်လိုတယ်လို့လည်း စီးပွားရေးပညာရှင်စာရေးဆရာ အောင်ချိန်ဘွားကသုံးသပ်ပြောဆိုထားပါတယ်။

Credit

ATM ေတြမွာ လုံးဝ ေငြမျဖည့္ၾကေတာ့တဲ့အထိ ျဖစ္လာေနတဲ့ ဘဏ္လုပ္ငန္းမ်ား

ဘဏ္ေတြမွာ ယခင္က ATM မွာတန္းစီၿပီး ေငြထုတ္လို႔ရေနေပမယ့္ ခုခ်ိန္မွာ ATM ေတြမွာ လုံးဝ ေငြမျဖည့္ၾကေတာ့တဲ့အထိျဖစ္လာေနတာေတြ႕ရပါတယ္။လက္ရွိအခ်ိန္ထိ ဘဏ္ထဲမွာရွိေနတဲ့ေငြကို လြယ္လြယ္ကူကူထုတ္မရေသးတဲ့အတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ားသာမက ေန႔စဥ္အသုံးစရိတ္အတြက္ပါ ေငြရွိၿပီး ေငြထုတ္မရပဲ အခက္အခဲမ်ားစြာရင္ဆိုင္ေနၾကရဆဲပဲျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ေနာက္ပိုင္းကစလို ျမန္မာႏိုင္ငံမွာေငြသားရွားပါးတဲ့ ျပႆနာစတင္ခဲ့တာျဖစ္ပါတယ္။ယခင္က ကိုဗစ္ကပ္ေၾကာင့္စီးပြားေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ခဲ့ရတယ္ဆိုေပမဲ့လည္း ကိုယ့္ေငြက ဘဏ္အေကာင့္ထဲမွာရွိတယ္ဆိုရင္ဘဏ္ေတြမွာသြားထုတ္လိုရသလို ATM စက္ေတြမွာလည္း ထုတ္ယူလိုရေနခဲ့ပါေသးတယ္။

နစကတာဝန္ယူခဲ့တဲ့ ေဖေဖာ္ဝါရီလတစ္ရက္ကေန ဇြန္လေလာက္ထိ ATM မွာတန္းစီေငြထုတ္ရတာ၊ဘဏ္ေတြမွာတန္းစီေစာင့္ဆိုင္းၿပီးမွ ေငြထုတ္ရတာေတြရွိခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ATM စက္ေတြမွာေငြမျဖည့္ၾကေတာ့ပါဘူး။

တခ်ိဳ႕ျပည္သူေတြကေတာ့ ဘဏ္ေတြမွာအပ္ထားတဲ့ ေငြကိုသြားၿပီး ထုတ္တာေတြလုပ္လာၾကသလိုဘဏ္စာရင္းနံပါတ္ခ်င္း bank account transferနဲ႔ ရာခိုင္ႏႈန္းတစ္ခုေပးၿပီးကိုယ့္ေငြကိုကိုယ္ျပန္ထုတ္ေနၾကတာလည္းရွိေနပါတယ္။ဒါေတြကိုၾကည့္မယ္ဆိုရင္ ဘဏ္ေတြအေပၚမွာယုံၾကည္မႈက်ဆင္းေနတာကို ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိဘဏ္ေတြမွာထည့္ထားတဲ့ ပိုက္ဆံေတြကိုလိုသေလာက္ထုတ္လိုမရႏိုင္ေသးတဲ့ အေျခအေနျဖစ္ေနတာပါ။

ထုတ္တဲ့သူေတြမ်ားေလေလ ဘဏ္ေတြရဲ႕ အေျခအေနေတြက ပိုၿပီးအဆိုးဘက္ကိုေရာက္ေလ ျဖစ္ႏိုင္တာေၾကာင့္ သက္ဆိုင္ရာဘဏ္ေတြအေနအျမန္ဆုံး ေျဖရွင္းေပးသင့္သလို ဘဏ္စုေငြကို အတိုးႏႈန္း တိုးျမႇင့္ေပးရန္လိုတယ္လို႔လည္း စီးပြားေရးပညာရွင္စာေရးဆရာ ေအာင္ခ်ိန္ဘြားကသုံးသပ္ေျပာဆိုထားပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*