စံချိန်တင် မြင့်တက်ခဲ့တဲ့ ရွှေဈေး နဲ့ ဒေါ်လာဈေး သိသိသာသာပြန်ကျ

စံချိန်တင် မြင့်တက်ခဲ့တဲ့ ရွှေဈေး နဲ့ ဒေါ်လာဈေး သိသိသာသာပြန်ကျ

စက်တင်ဘာလကုန်ပိုင်းမှာ စံချိန်တင်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဒီရက်ပိုင်းမှာ သိသိသာသာ ကျဆင်းလာပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂,၀၁၀,၀၀၀ ကျပ်အထိရှိခဲ့ပေမယ့် အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ စာရင်းအရ ၁,၇၁၀,၀၀၀ ကျပ်အထိ ကျဆင်းသွားပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဟာလည်း ဒီနေ့မှာ ၁၈၅၀ ကျပ် ဝန်းကျင်အထိ ပြန်ဆင်းလာတယ်လို့ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးတက်တာကို ထိန်းချုပ်နိုင်ဖို့ ဖေဖော်ဝါရီလကစပြီး လတိုင်းနီးပါး ဒေါ်လာတွေ ထုတ်ရောင်းနေတာဟာ အောက်တိုဘာလထုတ်ရောင်းတဲ့ သုံးကြိမ်မှာတင် ကန်ဒေါ်လာ စုစုပေါင်း သန်း ၁၁၀ အထိရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ သွင်းကုန်လုပ်ငန်းရတဲ့ နိုင်ငံခြားငွေကိုလည်း တစ်လအတွင်း ပြန်ရောင်းဖို့ ညွှန်ကြားချက်ထုတ်တာ၊ ပြည်ပက ကားတင်သွင်းခွင့်ပိတ်တာနဲ့ ဒေါ်လာနဲ့ ပေးဝယ်နေရတဲ့ သွင်းကုန်တွေကို တတ်နိုင်သလောက်လျော့ချဖို့လည်း လုပ်ဆောင်နေပါတယ်။

YGEA ကလည်း ရွှေဈေးလျော့ကျဖို့ ရွှေထုတ်ရောင်းပေးတာအပြင် ဈေးကွက် လိုအပ်ချက်ဖြည့်ဆည်းဖို့ Gold Paper လို့ခေါ်တဲ့ ဘဏ်မှာရွှေကိုအပ်ခိုင်းပြီး ရွှေအစား Gold Paper ကို ရောင်းချပေးတာမျိုး လုပ်ဆောင်ဖို့လည်း ကြိုးစားနေပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီကုန်ပိုင်းက အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ၁၃၀၀ ကျပ်ဝန်းကျင်နဲ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ၁,၃၀၀,၀၀၀ ကျပ်ဝန်းကျင်ပဲရှိခဲ့တာပါ။

ရွှေဈေး၊ ဒေါ်လာဈေးတို့နဲ့အတူ စက်တင်ဘာလကုန်ပိုင်းမှာ တစ်လီတာ ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့တဲ့ အောက်တိန်း ၉၂ နဲ့ ၉၅ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီနေ့အထိ တစ်လီတာ ၁၀ ကျပ်ဝန်းကျင်ခန့်သာ ပြန်ကျပါတယ်။

စံခ်ိန္တင္ ျမင့္တက္ခဲ့တဲ့ ေရႊေဈး နဲ႔ ေဒၚလာေဈး သိသိသာသာျပန္က်

စက္တင္ဘာလကုန္ပိုင္းမွာ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ ျမန္မာ့ေရႊေဈးနဲ႔ အေမရိကန္ေဒၚလာေဈးဟာ ဒီရက္ပိုင္းမွာ သိသိသာသာ က်ဆင္းလာပါတယ္။

စက္တင္ဘာ ၂၇ ရက္ေန႔မွာ အကယ္ဒမီ မီးလင္းေရႊ တစ္က်ပ္သားကို သိန္း ၂,၀၁၀,၀၀၀ က်ပ္အထိရွိခဲ့ေပမယ့္ ေအာက္တိုဘာ ၂၇ ရက္ ဒီေန႔မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ရဲ့ စာရင္းအရ ၁,၇၁၀,၀၀၀ က်ပ္အထိ က်ဆင္းသြားပါတယ္။

အလားတူ စက္တင္ဘာ ၂၇ ရက္ေန႔ ျပင္ပေဈးကြက္မွာ တစ္ေဒၚလာ ၂၃၀၀ ဝန္းက်င္ရွိခဲ့တဲ့ အေမရိကန္ေဒၚလာဟာလည္း ဒီေန႔မွာ ၁၈၅၀ က်ပ္ ဝန္းက်င္အထိ ျပန္ဆင္းလာတယ္လို႔ ေငြလဲလွယ္ေရးလုပ္ငန္း လုပ္ကိုင္သူေတြက ေျပာပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က ေဒၚလာေဈးတက္တာကို ထိန္းခ်ဳပ္နိုင္ဖို႔ ေဖေဖာ္ဝါရီလကစၿပီး လတိုင္းနီးပါး ေဒၚလာေတြ ထုတ္ေရာင္းေနတာဟာ ေအာက္တိုဘာလထုတ္ေရာင္းတဲ့ သုံးႀကိမ္မွာတင္ ကန္ေဒၚလာ စုစုေပါင္း သန္း ၁၁၀ အထိရွိခဲ့ပါတယ္။

ဗဟိုဘဏ္အေနနဲ႔ သြင္းကုန္လုပ္ငန္းရတဲ့ နိုင္ငံျခားေငြကိုလည္း တစ္လအတြင္း ျပန္ေရာင္းဖို႔ ညႊန္ၾကားခ်က္ထုတ္တာ၊ ျပည္ပက ကားတင္သြင္းခြင့္ပိတ္တာနဲ႔ ေဒၚလာနဲ႔ ေပးဝယ္ေနရတဲ့ သြင္းကုန္ေတြကို တတ္နိုင္သေလာက္ေလ်ာ့ခ်ဖို႔လည္း လုပ္ေဆာင္ေနပါတယ္။

YGEA ကလည္း ေရႊေဈးေလ်ာ့က်ဖို႔ ေရႊထုတ္ေရာင္းေပးတာအျပင္ ေဈးကြက္ လိုအပ္ခ်က္ျဖည့္ဆည္းဖို႔ Gold Paper လို႔ေခၚတဲ့ ဘဏ္မွာေရႊကိုအပ္ခိုင္းၿပီး ေရႊအစား Gold Paper ကို ေရာင္းခ်ေပးတာမ်ိဳး လုပ္ေဆာင္ဖို႔လည္း ႀကိဳးစားေနပါတယ္။

အာဏာမသိမ္းခင္ ဇန္နဝါရီကုန္ပိုင္းက အေမရိကန္ တစ္ေဒၚလာ ျမန္မာေငြ ၁၃၀၀ က်ပ္ဝန္းက်င္နဲ႔ အကယ္ဒမီ မီးလင္းအေခါက္ေရႊတစ္က်ပ္သားကို ၁,၃၀၀,၀၀၀ က်ပ္ဝန္းက်င္ပဲရွိခဲ့တာပါ။

ေရႊေဈး၊ ေဒၚလာေဈးတို႔နဲ႔အတူ စက္တင္ဘာလကုန္ပိုင္းမွာ တစ္လီတာ ၁၅၀၀ ေက်ာ္အထိ ျမင့္တက္ခဲ့တဲ့ ေအာက္တိန္း ၉၂ နဲ႔ ၉၅ စက္သုံးဆီေဈးႏႈန္းေတြကေတာ့ ဒီေန႔အထိ တစ္လီတာ ၁၀ က်ပ္ဝန္းက်င္ခန႔္သာ ျပန္က်ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*