မေမေအေသင် သီချင်းဆိုဖို့အတွက် ဂစ်တာတီးပေး‌နေတဲ့ Ivyလေးရဲ့ ဗီဒီယိုဖိုင်





Unicode

မေမေအေသင် သီချင်းဆိုဖို့အတွက် ဂစ်တာတီးပေးကာ အပီအပြင်ကဲနေတဲ့ Ivyလေးရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေရှေ့ကိုပြန်ရောက်လာတဲ့အဆိုတော်အေသင်ချိုဆွေကတော့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုအပြည့်ရထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်တော်ကြာပရိသတ်တွေနဲ့ဝေးကွာခဲ့ပေမယ့် သူမ ပြန်လည်ရောက်ရှိလာချိန်မှာတော့ ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ ဝမ်းမြောက် ဝမ်းသာကြိုဆိုကြတာကိုလည်း တွေ့ရပါတယ်။

သူမအပြင် ကိုယ်ပွားလေးဖြစ်တဲ့ သမီးလေး Ivyကလည်း ပရိသတ်အချစ်ကို ရရှိနေပြီဖြစ်ပြီး စကားတတ်လွန်းတဲ့ သမီးလေးက မေမေ အေသင်ရဲ့ အသည်းကျော်လေးပါ။ Ivyလေးက မိခင်ရဲ့ အနုပညာသွေး အပြည့်ပါသူဖြစ်ပြီး ပန်းချီ​ဆွဲရာမှာလည်း အသက်နဲ့မလိုက်အောင် တော်လွန်းတာကို တွေ့ရပါတယ်။ ယနေ့မှာလည်း Ivyလေးက သူမရဲ့ နောက်ထပ်အနုပညာအရည်အချင်းတစ်ခုကို ပရိသတ်တွေထံ ချပြလိုက်ပြန်ပါပြီ။

ဒါကတော့ မိခင်ဖြစ်သူ အေသင် သီချင်းဆိုဖို့အတွက် ဂစ်တာတီးပေးနေတဲ့ ဗီဒီယိုလေးက သက်သေပါပဲ။ ဂစ်တာကို အားရပါးရတီးနေတဲ့ ဗီဒီယိုလေးက မေမေ အေသင်ကို ဝမ်းမြောက်စေတာဖြစ်ပြီး ” ဒေကာ အသစ်နဲ့ သီချင်းတွေဆိုမယ် ကွာ Rocker မျိုးဆက်သစ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…… ။

Source and Video Credit – Ivy

Be the first to comment

Leave a Reply

Your email address will not be published.


*