လူတိုင်းလူတိုင်းမှာ သူ့ဘဝဇာတ်လမ်းနဲ့သူ ရှိတယ်

အသက်၂၄ နှစ်အရွယ် လူငယ်လေးက ရထားပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပြီး “ဖေဖေ..ဖေ‌ဖေ” သစ် ပင်တွေကို ကြည့်ပါဦး၊ အားလုံးနောက်မှာ ကျန်နေခဲ့ကြ တယ်လို့ တအံ့တဩ ပြောလိုက်ပါတယ်။

အဖေဖြစ်သူက သူ့သားကို ကရုဏာသက်စွာ ကြည့်လိုက် ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးလျက်သာနေလိုက် တယ်။ ဒီမြင်ကွင်းကို သူတို့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေ တဲ့ စုံတွဲတစ်တွဲက တွေ့မြင်သွားပြီး နားမလည်နိုင်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

ခဏကြာတော့ လူငယ်လေးက “ဖေဖေ.. ဖေဖေ” တိမ်တွေ ကို ကြည့်လိုက်ပါဦး၊ သားတို့နောက်ကို ပြေးလိုက်နေကြ တယ်”လို့ တအံ့တသြနဲ့ ထပ်ပြောလိုက်ပြန်ပါတယ်။ အဲဒီအခါမှာတော့ စောစောက စုံတွဲဟာ သည်းမခံနိုင်တော့ ဘဲ အဖေဖြစ်သူကို “ဦးလေးကြီးရဲ့ သားကို စိတ္တဇအထူးကု ဆရာဝန်ကောင်းကောင်းနဲ့ ဘာကြောင့် သွားမပြတာလဲ”လို့ မေးလိုက်ပါတယ်။

အဖေဖြစ်သူက တစ်ချက်ပြုံးလိုက်ပြီး “ကျွန်တော့်တို့သား အဖဟာ အခုလေးတင်ပဲ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ကြ တာပါ။ သားလေးက မွေးရာပါ မျက်မမြင်ဝေဒနာရှင်လေး တစ်ဦးပါ။ ဆေးရုံမှာ ခွဲစိတ်အောင်မြင်ခဲ့ပြီး ဒီနေ့မှ အမြင် အာရုံနဲ့အတူ ပထမဦးဆုံး ရထားစီးနိုင်တာလို့ ပြန်ဖြေခဲ့ ပါတယ်။

လူတိုင်း လူတိုင်းမှာ သူ့ဘဝဇာတ်လမ်းနဲ့သူ ရှိတယ်။ဒါကြောင့် အမှန်တရားကို သိမြင်နိုင်စွမ်း (သိမြင်နိုင်ခွင့်) မရှိခင်မှာ လူတွေကို အလွယ်တကူ အပြစ်မတင်မိပါစေနဲ့။ တုံ့ပြန်ပြောဆိုမှုမပြုမိပါစေနဲ့။ အမှန်တရားကြောင့် သင် အံ့အားသင့်ရပါလိမ့်မယ်။ နာကျင်ခံစားရပါလိမ့်မယ်။

Credit: Kaung Sam Thar

Zawgyi ဖြင့်ဖတ်ပါ







Credit: Kaung Sam Thar

Be the first to comment

Leave a Reply

Your email address will not be published.


*