ကြိုးစားနိုင်မှုစွမ်းရည်ဆိုတာ အကန့်အသတ်မရှိပါဘူး

လောကကြီးဆိုတာ မိခင်တစ်ယောက်လိုမဟုတ်ပါဘူး။ အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့။

အရှုံးကို မလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။ ကိုယ့်ကို အလဲထိုးတဲ့လူတွေသာ ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မူ့ အကောင်းအဆုံးပေးနိုင်တာပါ

သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။ ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့ ကြိုးစားနေတာပါ။ ဆုံးရှုံးမူ့တိုင်းမှာ ရလဒ်ဆိုတာရှိပါတယ်။ အနည်းဆုံးတော့ သင်ခန်းစာပေါ့။

ရည်မှန်းချက် ရှိဖို့လိုပါတယ်။ ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အလုပ်နဲ့ အကောင်ထည်ဖော်ဖို့လိုပါတယ်။

စာအုပ်စာပေတွေ ဖတ်ပြီး အသိဉာဏ်တွေ တိုးလာပေမယ့် လက်တွေ့ အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယှဉ်သမား တစ်ယောက်ပါပဲ။ ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ။ အဲ့ဒီမှာ မုန်းတိုင်းတော့လည်း ရှိတယ်။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။ သိန်းငှက်လိုနေထိုင်ပါ။ ကြက်တူရွေးက စကားသာများတာ မြင့်မြင့်မပျံနိုင်ဘူး။ သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့် မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ်။

လူ့သက်တမ်းကိုပဲ အကန့်အသတ်ရှိတာပါ။ သင် ကြိုးစားနိုင်မူ့စွမ်းရည်ဆိုတာ အကန့်အသတ်မရှိပါဘူး။

ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပါဘူး။ ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။ အောင်မြင်သူတိုင်း ကြိုးစားခဲ့ကြပါတယ်။ လမ်းမရှိဘူးလို့ ညည်းမနေပါနဲ့။ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ

ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှဝေဖို့မမေ့နဲ့နော်

Credit: Original Writer

unicode











Be the first to comment

Leave a Reply

Your email address will not be published.


*