ဝါယာရှော့မှဖြစ်တဲ့ မီးဘေးအန္တရာယ် မဖြစ်ရလေအောင်(ကျွန်ုပ်တို့အားလုံး သိထားသင့်တယ်)

မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်းခြင်းများ လေ့လာကြည့်ရာ ဝါယာရှောစ်ကြောင့် အများဆုံးဖြစ်နေပါသည်။ ဘာကြောင့် ဝါယာရှောစ် ဖြစ်ရပါသလဲ။

ကျွန်တော့်အတွေ့ကြုံနှင့် သိသလောက်ရှင်းပြပါမည်။ တိုးတက်လာသော လူနေမှုအဆင့်တန်းများ၏ အဓိက သော့ချက် တစ်ခု

ဖြစ်သော အိမ်တွင်း လျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခုနှစ်များအတွင်း မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်လာပါသည်။

ယခင်က မိမိအိမ်တွင် သွယ်တန်းထားသော မီးကြိုးများ၏ခံနိုင်ရည်ထက် ယခုအိမ်တစ်အိမ်အတွင်းသုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Loadက ပိုများနေသည်ကိုသတိမထားမိကြပါ ။

မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ဝယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကိုလဲရန် မည်သူမျှ စိတ်မဝင်စားကြပါ။

ပလပ်ပေါက်ရှိရင် ထိုးပြီးအသုံးပြုလို့ရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူ အများစုသိရှိကြပါသည်။

ကန်ထရိုက်တိုက်များတွင်လည်း လျှပ်စစ်နှင့် ဆိုင်သော အမှားခံပစ္စည်းများ လိုအပ်နေသည်ကိုတွေ့ရပါသည်။ အရေးကြီးဆုံးအချက်က လျှပ်စစ်ပစ္စည်းများကို ပြိုင်ပြီး မသုံးစွဲပါနှင့်။

ဥပမာ ရေစက်မောင်းနေချိန် ဟင်းအိုး၊ ထမင်းပေါင်းအိုး စသည်များ မသုံးပါနှင့်။ မီးပူတိုက်နေချိန် ရေခဲသေတ္တာပိတ်ထားပါ။

မိမိအိမ်ကို စတင် မီးကြိုးသွယ်တန်းစဉ်ကထဲက ယခုထိ လျှပ်စစ်ပစ္စည်းများ တိုးလာတာကို သိရှိရင် နားလည်သော လျှပ်စစ်ဝါယာရိန်းသမားနှင့်တိုင်ပင်ပြီး လိုအပ်သည့် မီးကြိုးများ ထပ်မံတပ်ဆင်ပါ။

မီးကြိုးသုံးရာတွင်(twin )နှစ်ချောင်းပူးထားသော ကြိုးများ အသုံးပြုခြင်းကို ရှောင်ရှားပါ။ (single)တစ်ချောင်းခြင်း သွယ်တန်းသော နည်းစနစ်ကို အသုံးပြုပေးပါ။

ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်းများကို အတက်နိုင်ဆုံး မပြုလုပ်ပါနှင့်။ မျက်နှာကျက် များပေါ်တွင် သွယ်တန်းထားသော မီးကြိုးများကို စနစ်တစ်ကျ မီးပိုက်များထဲကို ထည့်ပြီး အသုံးပြုကြပါ။

တက်ကျွမ်း နားလည်သူနှင့် တိုင်ပင်ပြီး Load များလျှင်၊ ရှော့စ်ဖြစ်လျှင် အလိုလျောက် ဖြတ်ချမည့် Safety Breaker များ မိမိ အိမ် တွင် တပ်ဆင်ကြပါ။

ပျက်စီးနေသောမီးခလုတ်များကို လဲလှယ်ကြပါ။ ဈေးနည်းသော မီးခလုတ်များ အသုံးပြုခြင်း ရှောင်ကျဉ်ပါ။

ယခုတင်ပြသော အရာများသည် ဆယ်နှစ်တာ လျှပ်စစ် ဝါယာရိန်းသမားအဖြစ် ရပ်တည်လာသော ကြှနျုပျ၏ အတွေ့ကြုံများဖြင့် ကြိုတင်ကာကွယ်ရန် အသိပေးခြင်း ဖြစ်ပါသည်။

ယခုလို အသိများ သိရှိပြီးချိန်တွင် မိမိအိမ်အတွင်း မီးကြိုးများ လဲသင့်၊ မလဲသင့်၊ လိုအပ်သော အမှားခံ ပစ္စည်းများ ရှိ / မရှိ

သိရအောင် လျှပ်စစ်နားလည် တက်ကျွမ်းသူနှင့် တိုင်ပင်ပြီး ဝါယာရှော့မှ ဖြစ်သော မီးဘေးအန္တရာယ်ကို ကာကွယ်လိုက်ကြရအောင်။ Credit

Zawgyi ဖြင့်ဖတ်ပါ

ဝါယာရှော့မှဖြစ်တဲ့ မီးဘေးအန္တရာယ် မဖြစ်ရလေအောင်(ကြှနျုပျတို့အားလုံး သိထားသင့်တယ်)

Be the first to comment

Leave a Reply

Your email address will not be published.

*