ကောင်တာမှာ ငွေရှင်းဖို့ ပိုက်ဆံအိတ် ဖွင့်လိုက်သောအခါ….

ကောင်တာမှာငွေရှင်းဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တော့ အိတ်ထဲက တီဗီရီမုဒ်ကို ငွေကိုင်စာရေးကလှမ်းမြင်လိုက်တယ်။

ဒါကြောင့် သိချင်စိတ်ကိုမအောင့်နိုင်တာနဲ့မေးလိုက်တယ် သူမေးလိုက်တာက….

ဈေးဝယ်လာသူ အမျိုးသမီးတစ်ယောက် ကောင်တာမှာငွေရှင်းဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တော့ အိတ်ထဲကတီဗီရီမုဒ်ကို ငွေကိုင်စာရေးကလှမ်းမြင်လိုက်တယ်။

ဒါကြောင့်သိချင်စိတ်ကိုမအောင့်နိုင်တာနဲ့ မေးလိုက်တယ်။

“ခင်ဗျားတီဗီရီမုဒ်ကိုအမြဲဒီလို ယူလာတတ်သလား”

“အမြဲတော့မဟုတ်ပါဘူး။ ဒီနေ့ကျမယောင်္ကျားက ဘောလုံးပွဲကြည့်မှာမို့ ဈေးဝယ်လိုက်မပေးနိုင်ဘူးလို့ငြင်းတယ်လေ။

ဒါကြောင့် စိတ်တိုပြီးယူလာတာ” သင်ခန်းစာတစ် မိန်းမရဲ့ဝါသနာကိုလိုက်လျောပြီး အဖေါ်လိုက်ပေးပါ။

ငွေကိုင်ကရယ်လိုက်ပြီး အမျိုးသမီးဝယ်မယ့်ပစ္စည်းတွေကို နောက်ပြန်တွန်းဖယ်လိုက်တယ်။

အမျိုးသမီးက အံ့သြသွားပြီး “ဘာလုပ်တာလဲ” လို့မေးလိုက်တော့ “ခင်ဗျားယောင်္ကျားက အခုပဲခင်ဗျားရဲ့ခရက်ဒစ်ကဒ်ကို ပိတ်လိုက်ပြီဗျ” တဲ့ သင်ခန်းစာနှစ် ကိုယ့်ယောင်္ကျားရဲ့ဝါသနာကိုလေးစားပါ။

ပုံပြင်ကမပြီးသေးဘူး။ အမျိုးသမီးကပြုံးပြီး ပိုက်ဆံအိတ်ထဲက ယောင်္ကျားရဲ့ကဒ်ကိုထုတ်လိုက်တယ်။

စက်မှာဖြတ်လိုက်တော့ (ကံဆိုးစွာပဲယောင်္ကျားလုပ်သူက သူ့ကဒ်သူပြန်မပိတ်မိတဲ့အတွက်) အသာတကြည်ဖြတ်လို့ရသွားတယ်။

သင်ခန်းစာသုံး မိန်းမတွေရဲ့ဖြတ်ထိုးဉာဏ်နဲ့စွမ်းပကားကို လျှော့မတွက်ပါနဲ့။

ကဒ်ဖြတ်ပြီးတော့ စက်မှာစာပေါ်လာတယ်။ (သင့်ဖုန်းသို့ပေးပို့လိုက်သော ပင်နံပါတ်ထည့်ပါ) တဲ့။ အဲ့ဒါမှဂွပဲ။

သင်ခန်းစာလေး လူတစ်ယောက်ဆုံးရှုံးခါနီးရင် နည်းပညာတွေက ဝင်ကယ်ပေးတတ်တယ်။ ပုံပြင်ကမဆုံးသေးဘူး။

အမျိုးသမီးမခိုးမခန့်ပြုံးလိုက်ပြီး အိတ်ထဲကမက်ဆေ့ခ်ျသံမြည်နေတဲ့ဖုန်းကို ထုတ်လိုက်တယ်။ ယောင်္ကျားရဲ့ဖုန်းပါ။ စကရင်းမှာ မက်ဆေ့ပို့ထားတဲ့ ပင်နံပါတ်လေးတောင်ပေါ်နေသေးတယ်။

ဈေးဝယ်နေတုန်း ဒင်းလှမ်းမဆက်နိုင်အောင် ရီမုဒ်နဲ့အတူတူ ယူလာတာလေ။ ဘာမှတ်သလဲ။

ဒီလိုနဲ့အမျိုးသမီးဟာငွေရှင်းပြီး ပစ္စည်းတွေယူကာ ပျော်ရွှင်စွာနဲ့ပဲအိမ်ပြန်သွားပါတယ်။

သင်ခန်းစာငါး မိန်းမတစ်ယောက် ခေါင်းမာပြီး ထင်ရာစိုင်းပြီဆိုမလွယ်ဘူးမှတ်ပါ။ ပုံပြင်ကမဆုံးသေးဘူးခင်ဗျ။

အိမ်ပြန်ရောက်တော့ ယောင်္ကျားရဲ့ကားမရှိတော့ဘူး။ အိမ်တံခါးမှာ စာကပ်ထားလေရဲ့။

“ရီမုဒ်ရှာမတွေ့ဘူး ဒါကြောင့် သူငယ်ချင်းတွေနဲ့ဘောပွဲကြည့်ဖို့ ထွက်သွားတယ်။ အိမ်ပြန်နောက်ကျမယ်။ လိုတာရှိရင်ငါ့ဖုန်းကိုဆက်လိုက်” (ယောင်္ကျား) တဲ့။

အဲ့ဒါမှသေရော။ အိမ်သော့က ယောင်္ကျားနဲ့အတူပါသွားတယ်လေ။ လှမ်းဆက်စရာဖုန်းကလည်း သူမအိတ်ထဲမှာ။စွကျိုးနဲ။ပုံပြင်တကယ်ပြီးပါပြီ။

အဓိကသင်ခန်းစာ ယောင်္ကျားကိုချုပ်ကိုင်ဖို့ ဘယ်တော့မှမကြိုးစားပါနဲ့။ နောက်ဆုံးကျ ကိုယ်ပဲနစ်နာတတ်ပါတယ်။

အယ့်လယ် အပြည်ပြည်ဆိုင်ရာ အမျိုးသားများနေ့ကို_ဒီပုံပြင်လေးနဲ့_ဂုဏ်ပြုပါတယ်။

Crd

ကောင်တာမှာ ငွေရှင်းဖို့ ပိုက်ဆံအိတ် ဖွင့်လိုက်သောအခါ….

ကောင်တာမှာငွေရှင်းဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တော့ အိတ်ထဲက တီဗီရီမုဒ်ကို ငွေကိုင်စာရေးကလှမ်းမြင်လိုက်တယ်။

ဒါကြောင့် သိချင်စိတ်ကိုမအောင့်နိုင်တာနဲ့မေးလိုက်တယ် သူမေးလိုက်တာက….

ဈေးဝယ်လာသူ အမျိုးသမီးတစ်ယောက် ကောင်တာမှာငွေရှင်းဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တော့ အိတ်ထဲကတီဗီရီမုဒ်ကို ငွေကိုင်စာရေးကလှမ်းမြင်လိုက်တယ်။

ဒါကြောင့်သိချင်စိတ်ကိုမအောင့်နိုင်တာနဲ့ မေးလိုက်တယ်။

“ခင်ဗျားတီဗီရီမုဒ်ကိုအမြဲဒီလို ယူလာတတ်သလား”

“အမြဲတော့မဟုတ်ပါဘူး။ ဒီနေ့ကျမယောင်္ကျားက ဘောလုံးပွဲကြည့်မှာမို့ ဈေးဝယ်လိုက်မပေးနိုင်ဘူးလို့ငြင်းတယ်လေ။

ဒါကြောင့် စိတ်တိုပြီးယူလာတာ” သင်ခန်းစာတစ် မိန်းမရဲ့ဝါသနာကိုလိုက်လျောပြီး အဖေါ်လိုက်ပေးပါ။

ငွေကိုင်ကရယ်လိုက်ပြီး အမျိုးသမီးဝယ်မယ့်ပစ္စည်းတွေကို နောက်ပြန်တွန်းဖယ်လိုက်တယ်။

အမျိုးသမီးက အံ့သြသွားပြီး “ဘာလုပ်တာလဲ” လို့မေးလိုက်တော့ “ခင်ဗျားယောင်္ကျားက အခုပဲခင်ဗျားရဲ့ခရက်ဒစ်ကဒ်ကို ပိတ်လိုက်ပြီဗျ” တဲ့ သင်ခန်းစာနှစ် ကိုယ့်ယောင်္ကျားရဲ့ဝါသနာကိုလေးစားပါ။

ပုံပြင်ကမပြီးသေးဘူး။ အမျိုးသမီးကပြုံးပြီး ပိုက်ဆံအိတ်ထဲက ယောင်္ကျားရဲ့ကဒ်ကိုထုတ်လိုက်တယ်။

စက်မှာဖြတ်လိုက်တော့ (ကံဆိုးစွာပဲယောင်္ကျားလုပ်သူက သူ့ကဒ်သူပြန်မပိတ်မိတဲ့အတွက်) အသာတကြည်ဖြတ်လို့ရသွားတယ်။

သင်ခန်းစာသုံး မိန်းမတွေရဲ့ဖြတ်ထိုးဉာဏ်နဲ့စွမ်းပကားကို လျှော့မတွက်ပါနဲ့။

ကဒ်ဖြတ်ပြီးတော့ စက်မှာစာပေါ်လာတယ်။ (သင့်ဖုန်းသို့ပေးပို့လိုက်သော ပင်နံပါတ်ထည့်ပါ) တဲ့။ အဲ့ဒါမှဂွပဲ။

သင်ခန်းစာလေး လူတစ်ယောက်ဆုံးရှုံးခါနီးရင် နည်းပညာတွေက ဝင်ကယ်ပေးတတ်တယ်။ ပုံပြင်ကမဆုံးသေးဘူး။

အမျိုးသမီးမခိုးမခန့်ပြုံးလိုက်ပြီး အိတ်ထဲကမက်ဆေ့ချ်သံမြည်နေတဲ့ဖုန်းကို ထုတ်လိုက်တယ်။ ယောင်္ကျားရဲ့ဖုန်းပါ။ စကရင်းမှာ မက်ဆေ့ပို့ထားတဲ့ ပင်နံပါတ်လေးတောင်ပေါ်နေသေးတယ်။

ဈေးဝယ်နေတုန်း ဒင်းလှမ်းမဆက်နိုင်အောင် ရီမုဒ်နဲ့အတူတူ ယူလာတာလေ။ ဘာမှတ်သလဲ။

ဒီလိုနဲ့အမျိုးသမီးဟာငွေရှင်းပြီး ပစ္စည်းတွေယူကာ ပျော်ရွှင်စွာနဲ့ပဲအိမ်ပြန်သွားပါတယ်။

သင်ခန်းစာငါး မိန်းမတစ်ယောက် ခေါင်းမာပြီး ထင်ရာစိုင်းပြီဆိုမလွယ်ဘူးမှတ်ပါ။ ပုံပြင်ကမဆုံးသေးဘူးခင်ဗျ။

အိမ်ပြန်ရောက်တော့ ယောင်္ကျားရဲ့ကားမရှိတော့ဘူး။ အိမ်တံခါးမှာ စာကပ်ထားလေရဲ့။

“ရီမုဒ်ရှာမတွေ့ဘူး ဒါကြောင့် သူငယ်ချင်းတွေနဲ့ဘောပွဲကြည့်ဖို့ ထွက်သွားတယ်။ အိမ်ပြန်နောက်ကျမယ်။ လိုတာရှိရင်ငါ့ဖုန်းကိုဆက်လိုက်” (ယောင်္ကျား) တဲ့။

အဲ့ဒါမှသေရော။ အိမ်သော့က ယောင်္ကျားနဲ့အတူပါသွားတယ်လေ။ လှမ်းဆက်စရာဖုန်းကလည်း သူမအိတ်ထဲမှာ။စွကျိုးနဲ။ပုံပြင်တကယ်ပြီးပါပြီ။

အဓိကသင်ခန်းစာ ယောင်္ကျားကိုချုပ်ကိုင်ဖို့ ဘယ်တော့မှမကြိုးစားပါနဲ့။ နောက်ဆုံးကျ ကိုယ်ပဲနစ်နာတတ်ပါတယ်။

အယ့်လယ် အပြည်ပြည်ဆိုင်ရာ အမျိုးသားများနေ့ကို_ဒီပုံပြင်လေးနဲ့_ဂုဏ်ပြုပါတယ်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.

*