ဒီအချက် (၁၈)ချက်က တစ်ဘဝလုံးစာအတွက် လိုက်နာကျင့်သုံးသင့်ပါတယ်

ဒီအခ်က္ (၁၈)ခ်က္က တစ္ဘဝလုံးစာအတြက္ လိုက္နာက်င့္သုံးသင့္ပါတယ္

(၁) လူေတြကို သူတို႔ ေမွ်ာ္လင့္ထားတာထက္ ပိုေပးပါ။ ဝမ္းေျမာက္ဝမ္းသာနဲ႔ ရက္ရက္ေရာေရာေပးပါ..။

(၂) သင္နဲ႔စကားေျပာရတာ အဆင္ေျပတဲ့သူမ်ိဳးကို လက္ထပ္ယူပါ။ အသက္ႀကီးလာတာနဲ႔အမွ် စကားေျပာဆိုဖို႔ အဆင္ေျပျခင္းဟာ တျခားအရာေတြထက္ ပိုအေရးပါလာပါလိမ့္မယ္ ။

(၃) ၾကားသမွ်ကို အကုန္မယုံပါနဲ႔။ ရွိသမွ်အကုန္ မသုံးပါနဲ႔။ အိပ္ခ်င္သေလာက္ အကုန္မအိပ္လိုက္ပါနဲ႔ ။

(၄) ခ်စ္တယ္ ဆိုတဲ့စကားကို နားလည္ခံစားၿပီးမွသာ ေျပာပါ ။

(၅) ေတာင္းပန္ပါတယ္ ဆိုတဲ့စကားကို ေျပာတဲ့အခါ မ်က္လုံးခ်င္းဆုံၿပီး ေျပာပါ ။

(၆) လက္မထပ္ခင္ အနည္းဆုံး ေျခာက္လေလာက္ အခ်ိန္ယူေလ့လာပါ ။

(၇) အမွားလုပ္မိၿပီဆိုတာ သိလိုက္တာနဲ႔ ခ်က္ခ်င္းျပန္ျပင္ပါ ။

(၈) တျခားသူရဲ႕ အိပ္မက္ေတြကို ဘယ္ေတာ့မွ ျပက္ရယ္မျပဳပါနဲ႔။ စိတ္ကူးအိပ္မက္မရွိတဲ့သူမ်ိဳးက သိပ္မ်ားမ်ားစားစားမရွိပါဘူး ။

(၉) နက္နက္ရႈိင္းရႈိင္း ႏွစ္ႏွစ္ကာကာခ်စ္ပါ။ ဒီလိုခ်စ္လို႔ သင္နာက်င္ခံစားရေကာင္း ခံစားရပါလိမ့္မယ္။ ဒါေပမဲ့ ဘဝကိုျပည့္ျပည့္စုံစုံျဖတ္သန္းဖို႔ တစ္ခုတည္းေသာနည္းလမ္းက ခ်စ္ျခင္းေမတၱာပဲရွိပါတယ္ ။

(၁၀) အျငင္းပြားစရာရွိတဲ့အခါ မွ်မွ်တတ ေဆြးေႏြးျငင္းခုန္ပါ။ နာမည္ေတြေခၚၿပီး ေျပာဆိုတဲ့ အေျခအေနမ်ိဳး မေရာက္ပါေစနဲ႔ .

(၁၁) ေဆြမ်ိဳး အသိုင္းအဝိုင္းေတြကိုၾကည့္ၿပီး လူေတြကို မဆုံးျဖတ္ပါနဲ႔ ။

(၁၂) ျမန္ျမန္စဥ္းစားၿပီး ေျဖးေျဖးခ်င္းေျပာပါ ။

(၁၃) သင္မေျဖခ်င္တဲ့ ေမးခြန္းမ်ိဳးကို တစ္ေယာက္ေယာက္က ေမးလာခဲ့ရင္ ဘာေၾကာင့္ ဒါကိုသိခ်င္ရတာလဲ. လို႔ ၿပဳံးၿပီး ျပန္ေမးလိုက္ပါ ။

(၁၄) ႀကီးမားတဲ့ခ်စ္ျခင္းနဲ႔ ႀကီးျမတ္တဲ့ ေအာင္ျမင္မႈေတြမွာ ႀကီးမားတဲ့ စြန႔္လႊတ္စြန႔္စားမႈေတြ ပါဝင္ေနတယ္ဆိုတာကို သတိရပါ ။

(၁၅) တစ္ခုခုကို လက္လႊတ္ဆုံးရႈံးရတဲ့အခါ သင္ခန္းစာယူဖို႔ လက္မလႊတ္ပါေစနဲ႔ ။

(၁၆) ကိုယ့္ကိုယ္ကို ေလးစားပါ တျခားသူေတြကို ေလးစားပါ ကိုယ္လုပ္ခဲ့သမွ် ကိုယ့္တာဝန္ ကိုယ္ယူတတ္ပါေစ ။

(၁၇) ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးကို ဘာမဟုတ္တဲ့ ကိစၥေလးေတြေၾကာင့္ အထိအခိုက္မခံပါနဲ႔ ။

(၁၈) တစ္ခါတစ္ေလ တစ္ေယာက္ထဲေနပါ ။

Credit – Kyaw Aye

Zawgyi ဖြင့်ဖတ်ပါ

ဒီအချက် (၁၈)ချက်က တစ်ဘဝလုံးစာအတွက် လိုက်နာကျင့်သုံးသင့်ပါတယ်

(၁) လူတွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပေးပါ။ ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ..။

(၂) သင်နဲ့စကားပြောရတာ အဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့ အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ် ။

(၃) ကြားသမျှကို အကုန်မယုံပါနဲ့။ ရှိသမျှအကုန် မသုံးပါနဲ့။ အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့ ။

(၄) ချစ်တယ် ဆိုတဲ့စကားကို နားလည်ခံစားပြီးမှသာ ပြောပါ ။

(၅) တောင်းပန်ပါတယ် ဆိုတဲ့စကားကို ပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ ။

(၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ ။

(၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ ။

(၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့။ စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး ။

(၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ။ ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ် ။

(၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတ ဆွေးနွေးငြင်းခုန်ပါ။ နာမည်တွေခေါ်ပြီး ပြောဆိုတဲ့ အခြေအနေမျိုး မရောက်ပါစေနဲ့ .

(၁၁) ဆွေမျိုး အသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့ ။

(၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ ။

(၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် ဘာကြောင့် ဒါကိုသိချင်ရတာလဲ. လို့ ပြုံးပြီး ပြန်မေးလိုက်ပါ ။

(၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာကို သတိရပါ ။

(၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့ ။

(၁၆) ကိုယ့်ကိုယ်ကို လေးစားပါ တခြားသူတွေကို လေးစားပါ ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ ။

(၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့ ။

(၁၈) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ ။

Credit – Kyaw Aye

Be the first to comment

Leave a Reply

Your email address will not be published.


*