မိခင်ဖြစ်သူကိုမမေ့မလျော့ သိတတ်ရိုသေကာ ငွေကြေးအချို့နဲ့ကန်တော့ခဲ့တဲ့ ဒိန်းဒေါင်








Unicode

အများအတွက်ပရဟိတအလုပ်တွေ လုပ်နေပေမယ့် မိခင်ဖြစ်သူကိုလည်း မမေ့မလျော့ သိတတ်ရိုသေကာ ငွေကြေးအချို့နဲ့ကန်တော့ခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. လူရွှင်တော်တစ်ဦးဖြစ်သလို ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ရယ်စရာလေးတွေနဲ့အပြင် ကူညီဖေးမမှုလေးတွေနဲ့ ပြည်သူပရိသတ်တွေရဲ့ ဘဝအမောတွေကို ဖြေသိမ့်ပေးနေသူပဲ ဖြစ်ပါတယ်..။

“ချွန်းတွန်း” ပရဟိတအဖွဲ့ကိုလည်း တည်ထောင်ထားကာ အနယ်နယ်အရပ်ရပ်က နည်းများမဆိုလှူဒါန်းကြတဲ့ စေတနာရှင်တွေရဲ့ ငွေကြေးတွေကို လိုအပ်နေတဲ့ပြည်သူပရိသတ်တွေကို ဖေးမကာပြန်လည်လှူဒါန်း ကုသိုလ်ပြုနေတာမို့ ပရိသတ်တွေအားလုံးက ကျေနပ်သဘောကျနေကြတာပါ..။

ဒိန်းဒေါင်ကတော့ အများပြည်သူအတွက် ကိုယ်တိုင်အပင်းပန်းခံကာ အင်တိုက်အားတိုက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေသလို အလုပ်တွေများနေပေမာ့်လည်း မိခင်ဖြစ်သူကို မမေ့မလျော့ပဲ သိတတ်သူတစ်ယောက်လည်း ဖြစ်ပညတယ်နော်..။

ပြည်သူတွေအတွက် ပရဟိတအလုပ်တွေလုပ်ကာ တတ်နိုင်သလောက်တာဝန်ကျေအောင်ထမ်းဆောင်နေပြီး မိခင်ဖြစ်သူအပေါ်မှာလည်း သားတစ်ယောက်ရဲ့တာဝန်တွေကို မလစ်ဟင်းဘဲ သတိတရနဲ့ သွားရောက်ကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

“အများအတွက် ပရဟိတလုပ်နေပေမယ့် အမေ့ကိုလည်း မမေ့ပါဘူးအမေရယ်..” ဆိုပြီး မိခင်ဖြစ်သူကို ဂါဝရပြုကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း ဒိန်းဒေါင်တို့ သားအမိတွေရဲ့ ကြည်နူးပီတိဖြစ်စရာပုံရိပ်လေးတွေကို သဘောကျနေကြသလို မိခင်ဖြစ်သူအပေါ်သိတတ်ရိုသေတဲ့ ဒိန်းဒေါင်းကိုလည်း ချီးကျူးစကားလေးတွေ ပြောထားကြပါတယ်နော်..။

Source and Photo Credit – Dain Daung

Be the first to comment

Leave a Reply

Your email address will not be published.


*