



Unicode

ကိုယ်ဝန်စလွယ်ကတည်းက ကောင်းကျိုးပေးတဲ့ သမီးငယ်လေးကြောင့် ကိုယ်ပိုင်ခြံနဲ့တိုက်လေးကိုပါ ပိုင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ အိအိတုန်

ပရိသတ်ကြီးရေ…..ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည် အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အိအိတုန်ဟာ online shoppingလုပ်နေတာဖြစ်ပြီး စီးပွားရေးဘက်ကိုအာရုံစိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။

အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေကသူမကို အချစ်မလျော့ပဲချစ်ခင်အားပေးနေကြတာပါ။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးတစ်ယောက်အပြင် ဒုတိယမြောက်သမီးငယ်လေးကိုပါ မနေ့ကမွေးဖွားခဲ့တာဖြစ်ပါတယ်နော်…..။

မကြာသေးမီကတော့ အိတုန်ဟာ သူမရဲ့Facebookစာမျက်နှာမှာ “ချစ်သမီးအငယ်ဆုံးရတနာလေးချစ်ဖေချစ်မေချစ်မမတို့ဘဝထဲကိုအကောင်းတွေကြီးဘဲယူလာပေးတဲ့ချစ်သမီးမေမေရည်မှန်းချက်ဖြစ်တဲ့မိသားစုလေးအိုးပိုင်အိမ်ပိုင်နေချင်တဲ့ဆန္ဒကိုယ်ခြံကိုယ်ဝန်းလေးနဲ့ကိုယ်ပိုင်အိမ်လေးနဲ့နေချင်ခဲ့တဲ့ဆန္ဒတွေချစ်သမီးလေးမမွေးခင်မှာအားလုံးပြည့်ဝခဲ့တယ်ဗိုက်စကြီးထဲကရောအမေအပေါ်ကောင်းခြင်းတွေဘဲပေးခဲ့လို့ကျေးဇူးအများကြီးပါချစ်သမီးလေးရောသမီးကြီးရောသမီးငယ်လေးရောကမေမေအတွက်အဖိုးမဖြတ်နိုင်သောရတနာနှစ်ယောက်ချစ်တယ်မေမေသည်းကျော်လေးနှစ်ယောက်…..” ဆိုပြီးရေးသားထားပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*