တစ္ေယာက္တစ္မ်ိဳးစီခ်စ္ဖို႔ေကာင္းေနတဲ့ နႏၵာလႈိင္ရဲ႕သမီးေလး ရတီနဲ႔ မဒီ

ပရိသတ္ေတြရဲ႕အခ်စ္ေတြကို အခိုင္အမာရရွိထားၾကတဲ့ အႏုပညာရွင္ေတြထဲမွာဆိုရင္ အကယ္ဒမီ မင္းသမီးေခ်ာနႏၵာလႈိင္ကေတာ့ ယေန႔အခ်ိန္ထိ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္တဲ့ သူပဲျဖစ္ပါတယ္ေနာ္။ သူမဟာ အခုလက္ရွိမွာဆိုရင္အႏုပညာအလုပ္ေတြကို ရပ္နားထားၿပီး သာယာေပ်ာ္႐ႊင္ဖြယ္မိသားစုဘ၀ေလးကို ခင္ပြန္းျဖစ္သူရယ္ သမီးေလးသုံးေယာက္ရယ္နဲ႔အတူ ေပ်ာ္႐ႊင္စြာျဖတ္သန္းေနတာပါ။

နႏၵာလႈိင္ရဲ႕သမီးေလး သုံးေယာက္ကလည္း အ႐ြယ္နဲ႔မလိုက္ေအာင္ကို တစ္ေယာက္တစ္မ်ိဳး ခ်စ္စရာေကာင္းေနၾကတာျဖစ္ၿပီး ေဖေဖနဲ႔ေမေမတို႔ရဲ႕အသည္းေက်ာ္ေလးေတြ ျဖစ္ပါတယ္။ နႏၵာလႈိင္ဟာ သမီးေလးေတြအေပၚကို အစစအရာရာဂ႐ုစိုက္တတ္တဲ့ မိခင္ေကာင္းတစ္ဦးျဖစ္တာေၾကာင့္ သမီးေလးေတြရဲ႕ပညာေရးဘက္မွာလည္း ေသခ်ာဂ႐ုစိုက္ေပးေလ့ရွိတဲ့သူပါေနာ္။

နႏၵာလႈိင္ရဲ႕ သမီးေလးသုံးေယာက္လုံးနာမည္ေလးေတြကလည္း ေဇ၀တီ၊ေဇရတီနဲ႔ ေဇမဒီဆိုၿပီး မွည့္ထားတာျဖစ္ၿပီးေတာ့ သုံးေယာက္လုံးဟာလည္း နာမည္လွလွေလးေတြအျပင္ တစ္ေယာက္တစ္မ်ိဳးစီနဲ႔ ခ်စ္စရာေကာင္းေနတာပါ။ မၾကာေသးမီကလည္း နႏၵာလႈိင္ဟာ သူမရဲ႕ Facebookစာမ်က္ႏွာမွာ “ဖားအံမွာစိုက္ထားတဲ့သဇင္ပန္းေလးေတြ ဖြားဖြားပန္ထားေပးတာပါ” ဆိုတဲ့ captionေလးနဲ႔အတူ သမီးေလးရတီနဲ႔ မဒီရဲ႕ပုံေလးေတြတင္ေပးခဲ့ပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Nandar Hlaing

Unicode

မေမေရဲ့ အချောအလှတွေအကုန်စုပြုံရရှိထားကြပြီး တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းနေတဲ့ နန္ဒာလှိုင်ရဲ့သမီးလေး ရတီနဲ့ မဒီ

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် အကယ်ဒမီ မင်းသမီးချောနန္ဒာလှိုင်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်နော်။ သူမဟာ အခုလက်ရှိမှာဆိုရင်အနုပညာအလုပ်တွေကို ရပ်နားထားပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို ခင်ပွန်းဖြစ်သူရယ် သမီးလေးသုံးယောက်ရယ်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

နန္ဒာလှိုင်ရဲ့သမီးလေး သုံးယောက်ကလည်း အရွယ်နဲ့မလိုက်အောင်ကို တစ်ယောက်တစ်မျိုး ချစ်စရာကောင်းနေကြတာဖြစ်ပြီး ဖေဖေနဲ့မေမေတို့ရဲ့အသည်းကျော်လေးတွေ ဖြစ်ပါတယ်။ နန္ဒာလှိုင်ဟာ သမီးလေးတွေအပေါ်ကို အစစအရာရာဂရုစိုက်တတ်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်တာကြောင့် သမီးလေးတွေရဲ့ပညာရေးဘက်မှာလည်း သေချာဂရုစိုက်ပေးလေ့ရှိတဲ့သူပါနော်။

နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်လုံးနာမည်လေးတွေကလည်း ဇေ၀တီ၊ဇေရတီနဲ့ ဇေမဒီဆိုပြီး မှည့်ထားတာဖြစ်ပြီးတော့ သုံးယောက်လုံးဟာလည်း နာမည်လှလှလေးတွေအပြင် တစ်ယောက်တစ်မျိုးစီနဲ့ ချစ်စရာကောင်းနေတာပါ။ မကြာသေးမီကလည်း နန္ဒာလှိုင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ဖားအံမှာစိုက်ထားတဲ့သဇင်ပန်းလေးတွေ ဖွားဖွားပန်ထားပေးတာပါ” ဆိုတဲ့ captionလေးနဲ့အတူ သမီးလေးရတီနဲ့ မဒီရဲ့ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Nandar Hlaing

Be the first to comment

Leave a Reply

Your email address will not be published.


*