




Unicode

ဆယ်ကျော်သက်အရွယ်တုန်းက မေမေနဲ့အတူ စင်ကာပူနိုင်ငံအနှံကို ခြေဆန့်ခဲ့တဲ့ ငယ်ဘဝပုံလေးကို ထုတ်ပြလိုက်တဲ့ ဂန္တဝင်

မင်းသမီးချောလေး ဂန္တဝင်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဂန္တဝင်က ကြော်ငြာတွေအများအပြားရိုက်ကူးခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဂန္တဝင်က အနုပညာလောကနဲ့ ခေတ္တအဆက်အသွယ်ပြတ်သွားခဲ့ပြီး အခုချိန်မှာတော့ ပရိသတ်တွေရဲ့ရင်ထဲကို ပြန်လည်ဝင်ရောက်နေတာဖြစ်ပါတယ်နော်။

ဂန္တဝင်က လက်ရှိမှာဆိုရင် Liveတွေလွှင့်ပြီး ကျောက်မျက်ရတနာတွေရောင်းနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေတဲ့ ဂန္တဝင်ကို ပရိသတ်တွေကလည်း တစ်ခဲနက်ကြိုဆိုကြပြီး ဟိုးအရင်တုန်းကအတိုင်း အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။ဂန္တဝင်က ငယ်ငယ်တုန်းကအတိုင်း လှပနုပျိုနေဆဲဖြစ်လို့ အရမ်းဆွဲဆောင်မှုရှိပါတယ်နော်။

အခုဆိုရင်တော့ ဂန္တဝင်က ချစ်မေမေနဲ့အတူ နိုင်ငံခြားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့လည်ပတ်ခဲ့ကြတဲ့ ပုံလေးတွေကိုထုတ်ပြလိုက်တာဖြစ်ပါတယ်။ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ ဂန္တဝင်ကတော့ မေမေနဲ့အတူ အမြဲခရီးတွေထွက်နေတတ်တဲ့သူဖြစ်ပါတယ်နော်။ဂန္တဝင် ဒီနှစ်မှာတော့ ဘယ်ခရီးမှမသွားရလို့ တစ်ချိန်တုန်းကအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်။

Source and Photo Credit:Actress Gantawinn

Be the first to comment

Leave a Reply

Your email address will not be published.


*