တစ်ခွန်းထဲသော ဆုံးမစကား….

ဧကရာဇ်မင်းတစ်ပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ်။

“ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်း မှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း၊ ဝမ်းနည်းမှုတိုင်း၊ ကျရှုံးမှုတိုင်း၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တစ်ခွန်းထဲသော ဆုံးမစကား ရှိသလား။”

ပညာရှိတို့ အားလုံးအကျပ်ရိုက်သွားစဉ်မှာ ပညာရှိတစ်ယောက်ရဲ့ အနားက ပညာတော်သင် လူငယ် တစ်ယောက်က စာတစ်အိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ်။

“ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင်ပေးသွားခဲ့တဲ့ စာပါ။ ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာ တိုင်း၊ အချိန်တိုင်း မှာ တွေ့ကြုံလာတဲ့ အခက်အခဲတိုင်းမှာ ဒီစာဟာ လမ်းညွှန်မှု ပေးနိုင်ပါတယ်။ ဒါ့အပြင် အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ်။ ပြောရမယ်ဆိုရင် မင်းကြီး အတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ခေါက်လျက်သားကလေး ရှိနေပါတယ် မင်းကြီး။ တစ်ခုပဲရှိပါတယ်။ မင်းကြီး အခက်ခဲဆုံးအချိန်ရောက်မှသာ ထုတ်ဖတ်ရပါ့မယ်။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါ့မယ်။”

ဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်း ထားလိုက်ပြီးတော့ မေ့မေ့ပျောက်ပျောက် ထားလိုက်တယ်။ မကြာမီ ကာလ တစ်ခုမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံရတယ်။ တိုင်းပြည် ကိုစွန့်ပြေး လို့ နီးစပ်ရာ တောကို ကျန်သလောက်စစ် အင်အား နဲ့ ခိုဝင် ပုန်းနေ ရတဲ့အထိပဲ။

တစ်ညမှာတော့ စိတ်ပျက် လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာ ထိုင်နေတဲ့ ဧကရာဇ်မင်းကြီး ဟာ လူငယ်လေး ပေးတဲ့ စာကို အမှတ်မထင် သတိရ သွားခဲ့တယ်။ ဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့ အခါမှာ ဘာရေးထားသလဲဆိုတော့ …

“သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ။”

ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတစ်ချက် လင်းကနဲ ဝင်လာခဲ့တယ်။

“ဟုတ်သားပဲ! ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြှားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ် ခဲ့ဖူးတယ်။ တကယ်လဲ ဖခင် သိတဲ့အခါ ကြိမ်းမောင်းခံ ရတယ်။ ကြိမ်းမောင်း ခံရပြီး သွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့။ အခု ကိစ္စဟာလည်း ဒီလို အားငယ် ကြောက်လန့်နေချိန်လိုပဲ။ သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စ မဟုတ်။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ။”

ဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီးဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ်။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက်ဝင်လာတဲ့ အားတွေနဲ့ သူမတ်တပ် ထရပ်လိုက်တယ်။

ပြီးတာနဲ့ ရှိသမျှ သေနာပတိတွေကို ခေါ်တယ်။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ်။ စိတ်ဓာတ်ကျနေသူတွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကားဆိုတယ်။ တစ်ဖွဲ့လုံး ဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာခဲ့တယ်။ နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည် ကို ပြန်လည် ထိုးဖောက်ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့ တယ်။

စစ်ပွဲ အနိုင်ရတဲ့ ညမှာ ဧကရာဇ် မင်းကြီးဟာ တိုင်းသူ ပြည်သားတွေနဲ့ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာ ကျင်းပတယ်။ ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင်မြူးတူးနေချိန် ဧကရာဇ် မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိလာတယ်။

((အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး…။))

ဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံးအချိန်မှာ ဖတ်သင့်တဲ့စာ လို့ ယူဆပြီး စာကို နောက်တစ်ခါ ထုတ်ဖတ် ပြန်တယ်။

ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတစ်ချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာပြန်တယ်။

“အင်း ဟုတ်သားပဲ။ ရန်သူတွေ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဝင်ရောက်တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့လို့လဲ။ ဒီစာကြောင့် သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက် ထိုင်နေမိမှာ မဟုတ်လား။ အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ဘူး။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ။”

ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ်သွားပြန်တယ်။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေးဟာလဲ ဘာမှ အစရှာမရအောင် ကျိုးကြေ ပျက်ဆီး သွားခဲ့တယ်။

ကိုယ် လုပ်စရာရှိတာကို လုပ် ကိုယ် ဖြစ်ချင်တာကို ရသလောက် လုပ်သွားမှသာ တန်ဖိုးရှိသော ဘဝ အဖြစ် ကျွန်တော်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ်။အကယ်၍ ဒီစာလေးက ဗဟုသုတလေးတစ်ခုရလိုက်တယ်ဆိုရင် ကျေနပ်ဝမ်းသာရပါပြီ။

Credit – မှတ်စုကြမ်း

Zawgyi ဖြင့်ဖတ်ပါ

“တစ်ခွန်းထဲသော ဆုံးမစကား”

Be the first to comment

Leave a Reply

Your email address will not be published.

*