တစ္ကယ္တမ္း ေရစက္ရွိလို႔ ဆုံတာထက္ တစ္ေယာက္ကို တစ္ေယာက္ ဝဋ္ေႂကြးဆပ္ဖို႔ ဆုံျဖစ္တာပါ

မတိုက္ဆိုင္လို႔ လမ္းခြဲသြားၾကရင္ ဝမ္းနည္းစရာ မလိုသလို ျပန္ၿပီးလည္း မေမွ်ာ္လင့္ပါနဲ႔ … ။

ေရစက္ရွိလို႔ ဆုံခဲ့ၾကၿပီး ကံကုန္ရင္ လမ္းခြဲၾကရမယ္ ကံမကုန္ေသးရင္ ျပန္ဆုံေတြ႕ျဖစ္ၾကမယ္ …. ။

ဘဝရဲ႕ လွည့္ကြက္ေတြေအာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ မေမွ်ာ္လင့္ဘဲ ေတြ႕ဆုံခဲ့ၾကၿပီး

ေမွ်ာ္လင့္မထားတဲ့ ကံၾကမၼာမုန္တိုင္း ဖန္တီးလာၿပီ ဆိုရင္ ထင္မွတ္မထားတဲ့ အေျခအေနေတြေၾကာင့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ေဝးကြာသြားၾကရတာပါပဲ … ။

တစ္ကယ္တမ္းၾကေတာ့ ေရစက္ရွိလို႔ ဆုံတာထက္ တစ္ေယာက္ကို တစ္ေယာက္ ဝဋ္ေႂကြးဆပ္ဖို႔ ဆုံျဖစ္ခဲ့ၾကတာပါ … ။

အနားမွာ ထြက္ခြာသြားသူကို ေက်းဇူးတင္လိုက္ပါ သူ႔ေၾကာင့္ ဝဋ္ဒုကၡမွ လြတ္ကင္းသြားလို႔ပါ … ။

ဘဝဆိုတာ …?

ကိုယ္က ခ်စ္ေနျပန္ေတာ့လည္း တစ္ဖက္သားက မုန္းေနျပန္တတ္တယ္

ကိုယ္က မုန္းေနျပန္ေတာ့လည္း တစ္ဖက္သားက ခ်စ္ေနျပန္တတ္တယ္ … ။

ခ်စ္ျခင္းမုန္းျခင္းေတြေအာက္မွာ သိပ္ၿပီးေတာ့လည္း လိုက္ခံစားမေနပါနဲ႔ ေတြ႕ၾကဆုံၾက ခဏေလးပါ …. ။

ေနရတဲ့ အခ်ိန္ေလးမွာ ကိုယ့္ေၾကာင့္လည္း သူတစ္ပါး စိတ္မဆင္းရဲေစနဲ႔ သူတစ္ပါးေၾကာင့္လည္း ကိုယ့္ကိုယ္ကို စိတ္ညစ္မခံပါနဲ႔ … ။

ကိုယ့္ကိုယ္ကို ေအးခ်မ္းစြာ ေနရင္း ဘဝလမ္းခရီးကို အေကာင္းျမင္တတ္တဲ့ မ်က္လုံး စာနာတတ္တဲ့ ႏွလုံးသား ကူညီတတ္တဲ့ လက္တစ္စုံနဲ႔ ေလွ်ာက္လွမ္းၾကပါ … ။

အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ)

unicode version

တစ်ကယ်တမ်း ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်တာပါ

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်းနည်းစရာ မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ … ။

ရေစက်ရှိလို့ ဆုံခဲ့ကြပြီး ကံကုန်ရင် လမ်းခွဲကြရမယ် ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ် …. ။

ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး

မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီ ဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြရတာပါပဲ … ။

တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ … ။

အနားမှာ ထွက်ခွာသွားသူကို ကျေးဇူးတင်လိုက်ပါ သူ့ကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ … ။

ဘဝဆိုတာ …?

ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ်

ကိုယ်က မုန်းနေပြန်တော့လည်း တစ်ဖက်သားက ချစ်နေပြန်တတ်တယ် … ။

ချစ်ခြင်းမုန်းခြင်းတွေအောက်မှာ သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့ တွေ့ကြဆုံကြ ခဏလေးပါ …. ။

နေရတဲ့ အချိန်လေးမှာ ကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့ သူတစ်ပါးကြောင့်လည်း ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့ … ။

ကိုယ့်ကိုယ်ကို အေးချမ်းစွာ နေရင်း ဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး စာနာတတ်တဲ့ နှလုံးသား ကူညီတတ်တဲ့ လက်တစ်စုံနဲ့ လျှောက်လှမ်းကြပါ … ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Be the first to comment

Leave a Reply

Your email address will not be published.


*