ေလာကၾကီးမွာ ကိုယ္ပုိင္ဆိုင္ထားသမွ် ဆံုးရွံုး သြားလဲ စိတ္ဓာတ္ မဆံုးရွံဳးေစနဲ့

ပိုင္ဆိုင္မွဳဆုိရာမွာ ပစၥည္းဥစၥာ မွ မဟုတ္ပါဘူး။ မိဘ ၊ မိတ္ေဆြ၊ အေပါင္းအသင္း၊ ေမ်ွာ္လင့္ခ်က္ ၊ အလုပ္ အရာရာတိုင္း ပါဝင္ေနပါတယ္

ကံၾကမၼာ အလွည့္အေျပာင္းတစ္ခုေအာက္မွာ အရာအားလံုး မ်က္လွည့္ ျပလိုက္သလိုမ်ိဳး ပ်က္စီးဆံုးရွံဳးျပီး ကိုယ္ပိုင္ဆိုင္ထားသမွ် လက္လႊတ္ခံလိုက္ရတဲ့အခ်ိန္မ်ိဳးေတြ ၾကံဳဖူးပါသလား။

ေရွ႕တစ္လွမ္းတိုးဖို႕ေတာင္ အားအင္ေတြ မရွိေတာ့တာမ်ိဳး။ ေလာကၾကီး ထဲကေန ထြက္ေျပးသြားခ်င္တဲ့အခ်ိန္မ်ိဳးေတြ ၾကံဳေနျပီလား။

တစ္ခုခုလုပ္တဲ့အခါ တိုင္ပင္ဖို႔ သူငယ္ခ်င္းေတြ.. ကိုယ္လဲက်တဲ့အခါ ထူေပးဖို႕ မိတ္ေဆြေတြ.. မရွိေတာ့တဲ့အခါ တမ္းတမေနပါနဲ႕။

ကိုယ္ေမြးကတည္းက ကိုယ့္ေဘးနားမွာ လဲက်တဲ့အခ်ိန္ထိ ရွိေနေပးတဲ့ ငါရွိေနေသးတာပဲ။

ငါရွိေနေသးသေရြ႕ ငါ လဲမက်ေစရဘူး။ ငါရွိေနေသးသေရြ႕ ငါ့ကို ဘယ္သူမွ တိုက္ခိုက္လုိ႔ မရေစရဘူး။ ငါသည္သာ ငါ့ဘဝရဲ႕ ပဲ့ကိုင္ရွင္…

လူတိုင္းေတာ့ ဆံုးရွံဳးမွူ ဆိုတာၾကီးကို ၾကံဳရမွာပဲ။ ကိုယ္ဆံုးရွံဳးသြားတဲ့အရာေပၚမူတည္ျပီးသာ တန္ဖိုးကြာ သြားမွာပါ။ တခ်ိဳ႕က မိဘ ဆံုးရွံဳးရတယ္။

တခ်ိဳ႕က ေျခလက္ေတြ ဆံုးရွံဳးတယ္။ တခ်ိဳ႕က မိတ္ေဆြအေပါင္းအသင္းေတြ ဆံုးရွံဳးတယ္၊ တခ်ိဳ႕ ပစၥည္းဥစၥာဆံုးရွံုးတယ္၊ တခ်ိဳ႕က ခ်စ္သူ ဆံုးရွံုးတယ္။

အမ်ိဳးမ်ိဳးပါပဲ။ ဒါေပမယ့္ ကိုယ့္ကုိယ္ကုိယ္ မဆံုးရွံုးသြားဖို႕ အေရးၾကီးပါတယ္။

ကို္ယ့္ကိုယ္ကိုယ္ ဆံုးရွံဳး သြားတဲ့သူဟာ အရာအားလံုးကို ဆံဳးရွံဳးသြားတဲ့သူပါပဲ။ ကိုယ္အသက္ရွင္သန္ေန ေသးတယ္ဆိုတာကိုက ကိုယ့္အတြက္ ဆုလာဒ္ တစ္ခုပဲေလ။

လူတိုင္းရဲ႕ ေဝဖန္မွဳကို ခံရလို႕ ဘာမွမလုပ္ခ်င္တာလား ။

စိတ္မပူပါနဲ႕ သင္ဘာမွ မလုပ္ရင္ေတာင္ ဘာမွ မလုပ္လို႔ဆိုျပီး ေဝဖန္မယ့္ သူေတြက ရွိေနအံုးမွာပါ။ ဘာမွမလုပ္တဲ့ သူေတြဆိုလို႔ ေသလူပဲရွိပါတယ္…

ကိုယ္ကိုယ္တိုင္ ရွင္သန္ေနေသးသေရြ႕ ကိုယ့္ဘဝရဲ႕ အနာဂတ္ကို ကိုယ္ဖန္တီးနိုင္ ပါေသးတယ္။ ကိုယ္ဖန္တီးထားတဲ့ အရာေတြကို ခံစားနိုင္ခြင့္ ရွိပါေသးတယ္။

သူမ်ားေတြကို လက္ညိွဳး လိုက္ထိုး မေနပါနဲ႔။ ကိုယ္ေလွ်ာက္တဲ့ လမ္းမၾကီးကို ကုိယ္ကုိယ္တိုင္ပဲ ေလွ်ာက္လွမ္းရမွာပါ. သင့္အစား ဘယ္သူမွ ေလွ်ာက္လွမ္း ေပးနိုင္မွာ မဟုတ္ပါဘူး

ဘဝ ဆိုတဲ့ တိုက္ပြဲ ကေတာ့ ကိုယ့္ ဘဝရဲ႕ေနာက္ဆံုးခ်ိန္ ေရာက္တဲ့အထိ တိုက္ေနရဦးမွာပဲ။ တိုက္ပြဲတိုင္း မရွံဳးနိုင္သလို တုိက္ပြဲတိုင္း မနိုင္နိုင္ပါဘူး။

ေလာကရဲ႕ သေဘာတရား ကိုက ဒီလိုပဲေလ။ ကိုယ္ထိန္းခ်ဳပ္လို႕ မရတဲ့ ကံၾကမၼာကို အျပစ္တင္ေနမယ့္အစား ကိုယ့္ကုိယ္ကို အေကာင္းဆံုးျပင္ဆင္ျပီး ကိုယ့္ဘဝရဲ႕တိုက္ပြဲ အတြက္ အေတာ္ဆံုး စစ္သည္ေတာ္ေတြ ျဖစ္ပါေစဗ်ာ။

unicode version
လောကကြီးမှာ ကိုယ်ပိုင်ဆိုင်ထားသမျှ ဆုံးရှုံး သွားလဲ စိတ်ဓာတ် မဆုံးရှုံးစေနဲ့

ပိုင်ဆိုင်မှုဆိုရာမှာ ပစ္စည်းဥစ္စာ မှ မဟုတ်ပါဘူး။ မိဘ ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ မျှော်လင့်ချက် ၊ အလုပ် အရာရာတိုင်း ပါဝင်နေပါတယ်

ကံကြမ္မာ အလှည့်အပြောင်းတစ်ခုအောက်မှာ အရာအားလုံး မျက်လှည့် ပြလိုက်သလိုမျိုး ပျက်စီးဆုံးရှုံးပြီး ကိုယ်ပိုင်ဆိုင်ထားသမျှ လက်လွှတ်ခံလိုက်ရတဲ့အချိန်မျိုးတွေ ကြုံဖူးပါသလား။

ရှေ့တစ်လှမ်းတိုးဖို့တောင် အားအင်တွေ မရှိတော့တာမျိုး။ လောကကြီး ထဲကနေ ထွက်ပြေးသွားချင်တဲ့အချိန်မျိုးတွေ ကြုံနေပြီလား။

တစ်ခုခုလုပ်တဲ့အခါ တိုင်ပင်ဖို့ သူငယ်ချင်းတွေ.. ကိုယ်လဲကျတဲ့အခါ ထူပေးဖို့ မိတ်ဆွေတွေ.. မရှိတော့တဲ့အခါ တမ်းတမနေပါနဲ့။

ကိုယ်မွေးကတည်းက ကိုယ့်ဘေးနားမှာ လဲကျတဲ့အချိန်ထိ ရှိနေပေးတဲ့ ငါရှိနေသေးတာပဲ။

ငါရှိနေသေးသရွေ့ ငါ လဲမကျစေရဘူး။ ငါရှိနေသေးသရွေ့ ငါ့ကို ဘယ်သူမှ တိုက်ခိုက်လို့ မရစေရဘူး။ ငါသည်သာ ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင်…

လူတိုင်းတော့ ဆုံးရှုံးမှူ ဆိုတာကြီးကို ကြုံရမှာပဲ။ ကိုယ်ဆုံးရှုံးသွားတဲ့အရာပေါ်မူတည်ပြီးသာ တန်ဖိုးကွာ သွားမှာပါ။ တချို့က မိဘ ဆုံးရှုံးရတယ်။

တချို့က ခြေလက်တွေ ဆုံးရှုံးတယ်။ တချို့က မိတ်ဆွေအပေါင်းအသင်းတွေ ဆုံးရှုံးတယ်၊ တချို့ ပစ္စည်းဥစ္စာဆုံးရှုံးတယ်၊ တချို့က ချစ်သူ ဆုံးရှုံးတယ်။

အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မဆုံးရှုံးသွားဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံး သွားတဲ့သူဟာ အရာအားလုံးကို ဆုံးရှုံးသွားတဲ့သူပါပဲ။ ကိုယ်အသက်ရှင်သန်နေ သေးတယ်ဆိုတာကိုက ကိုယ့်အတွက် ဆုလာဒ် တစ်ခုပဲလေ။

လူတိုင်းရဲ့ ဝေဖန်မှုကို ခံရလို့ ဘာမှမလုပ်ချင်တာလား ။

စိတ်မပူပါနဲ့ သင်ဘာမှ မလုပ်ရင်တောင် ဘာမှ မလုပ်လို့ဆိုပြီး ဝေဖန်မယ့် သူတွေက ရှိနေအုံးမှာပါ။ ဘာမှမလုပ်တဲ့ သူတွေဆိုလို့ သေလူပဲရှိပါတယ်…

ကိုယ်ကိုယ်တိုင် ရှင်သန်နေသေးသရွေ့ ကိုယ့်ဘဝရဲ့ အနာဂတ်ကို ကိုယ်ဖန်တီးနိုင် ပါသေးတယ်။ ကိုယ်ဖန်တီးထားတဲ့ အရာတွေကို ခံစားနိုင်ခွင့် ရှိပါသေးတယ်။

သူများတွေကို လက်ညှိုး လိုက်ထိုး မနေပါနဲ့။ ကိုယ်လျှောက်တဲ့ လမ်းမကြီးကို ကိုယ်ကိုယ်တိုင်ပဲ လျှောက်လှမ်းရမှာပါ. သင့်အစား ဘယ်သူမှ လျှောက်လှမ်း ပေးနိုင်မှာ မဟုတ်ပါဘူး

ဘဝ ဆိုတဲ့ တိုက်ပွဲ ကတော့ ကိုယ့် ဘဝရဲ့နောက်ဆုံးချိန် ရောက်တဲ့အထိ တိုက်နေရဦးမှာပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*