နားလည်မှုရှိတဲ့ ဇနီးမောင်နှံတွေဟာ မရှိအတူ/ရှိအတူနဲ့ လောကဓံကိုရင်ဆိုင်ကြတယ်

နားလည်မှုရှိတဲ့ ဇနီးမောင်နှံတွေဟာ မရှိအတူ/ရှိအတူနဲ့ လောကဓံကိုရင်ဆိုင်ကြတယ်

ဘဝ တစ်ခုကို အတူတည်ဆောက်ကြတဲ့အခါ ငွေကြေး ချမ်းသာမှု ထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်. . .ငွေကြေးချမ်းသာမှုနောက်ကို လိုက်ရင်း ပူလောင်နေရတာထက် မရှိအတူ ရှိအတူ လက်တွဲပြီး ဘဝ ကိုပျော်ရွှင်စွာ ဖြတ်သန်းရတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။

ဘဝ အတွက် ငွေ ကို တတ်နိုင်သလောက်ရှာပါ. . .ငွေရှိတဲ့ အချိန်မှာ ဘဝကို ပျော်ရွှင် စွာဖြတ်သန်းပါ. ..တချို့တွေကတော့ ငွေကြေးချမ်းသာနေချိန်မှာတောင် တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ မရှိကြတဲ့အခါ မပျော်ရွှင်ရဘဲ ပူလောင်နေကြရပါတယ်။

ချစ်သူ နှစ်ဦး၊ ဇနီးမောင်နှံ နှစ်ယောက် ဒါမှ မဟုတ် မိသားစု တစ်စုဟာ ငွေရှိချိန်မှာ အဆင်ပြေပြေနေနိုင်ပြီး ပျော်ရွှင် ဖို့လွယ်သလောက် အဆင်မပြေမှုတွေနဲ့ ငွေကြေးအခက်အခဲ ဖြစ်နေချိန်မှာ တစ်ဦးနဲ့ တစ်ဦး အဆင်ဆင်ပြေပြေ နေထိုင်ကြဖို့ ခက်ခဲလာတတ်ကြပါတယ်။

သေချာစဉ်းစားကြည့်ကြရအောင်. . .သင်တို့ ချစ်သူ နှစ်ဦး / ဇနီးမောင်နှံ နှစ်ဦး အဆင်မပြေမှုတွေနဲ့ ငွေကြေးခက်ခဲနေချိန်မှာ စိတ်ဆင်းရဲကြရတာဟာ ကိုယ်တစ်ယောက်ထဲလား ဆိုတာကိုပေါ့. . . .။

ချစ်သူ နှစ်ဦး / ဇနီးမောင်နှံ နှစ်ဦးမှာ အဆင်မပြေမှုတွေနဲ့ ငွေကြေးခက်ခဲနေချိန်မှာ စိတ်ဆင်းရဲရတာဟာ နှစ်ဦးစလုံးပါပဲ. . .ယောက်ကျားဖြစ်သူကလည်း ငွေရှာမပေးနိုင်တဲ့အတွက် စိတ်အားငယ်ပြီး ကိုယ့်မိန်းမအတွက် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရပါတယ်။

မိန်းမဖြစ်သူကလည်း သုံးစရာ ငွေမရှိတဲ့အခါ စိတ်အားငယ်ရ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရ ဖြစ်ရပါတယ်။

ဒီလိုအချိန်မှာ အများစု မှားတတ်တာက စိတ်ညစ်တာကို မှားယွင်းစွာ ထွက်ပေါက်ရှာမိကြတာပါပဲ. . .မိန်းမဖြစ်သူက စိတ်ညစ်နေတာကို ထွက်ပေါက်ရှာတဲ့အနေနဲ့ ယောက်ကျားဖြစ်သူကို အဖြစ်မရှိဘူး လူညံ့ ငွေမရှာနိုင်ဘူး ဆိုပြီး အပြစ်တင်မယ်. . .ယောက်ကျားဖြစ်သူက ထွက်ပေါက်ရှာတဲ့ အနေဲ့ အရက်သောက်မယ်. .မူးမယ်. .ပြီးရင် ရန်ပြန်ဖြစ်မယ်. . .။

ဒါတွေဟာ မိသားစု တစ်စု ပြိုကွဲစေမယ့် လမ်းစတွေပါပဲ

သင်တို့ ဇနီး မောင်နှံ အဆင်မ ပြေချိန် ငွေကြေးခက်ခဲနေချိန်မှာ တစ်ဦးမျက်နှာ ကို တစ်ဦး သေချာကြည့်ဖူးရဲ့လား? မကြည့်ဖူးသေးရင် သေချာကြည့် ကြည့်ပါ. . .နှစ်ဦးစလုံးရဲ့ မျက်နှာမှာ ပူလောင်မှုတွေနဲ့ ညှိုးနွမ်းနေတာကို တွေ့ရပါလိမ့်မယ်. . .ဒီအချိန်မှာ အလိုအပ်ဆုံးက တစ်ဦးကို တစ်ဦး ပိုပြီး ဂရုစိုက်ရမှာပါ. .ပိုပြီး နားလည်မှုပေးရမှာပါ. . .ပိုပြီးကြင်နာမှုပေေးရမှာပါ. . .။

အဆင်ပြေချိန်မှာ အတူတူပျော်ရွှင်ခဲ့ကြသလို အဆင်မပြေချိန်မှာလည်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးပြီး အခက်အခဲတွေကို အတူရင်ဆိုင်ကျော်ဖြတ်ကြမှသာ သာယာတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်အားလုံးပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ Credit : burmese.asia

Zawgyi ဖြင့်ဖတ်ပါ

နားလည္မႈရွိတဲ့ ဇနီးေမာင္ႏွံေတြဟာ မရွိအတူ/ရွိအတူနဲ႔ ေလာကဓံကိုရင္ဆိုင္ၾကတယ္

ဘဝ တစ္ခုကို အတူတည္ေဆာက္ၾကတဲ့အခါ ေငြေၾကး ခ်မ္းသာမႈ ထက္ စိတ္ခ်မ္းသာမႈက ပိုအေရးႀကီးပါတယ္. . .ေငြေၾကးခ်မ္းသာမႈေနာက္ကို လိုက္ရင္း ပူေလာင္ေနရတာထက္ မရွိအတူ ရွိအတူ လက္တြဲၿပီး ဘဝ ကိုေပ်ာ္႐ႊင္စြာ ျဖတ္သန္းရတာက ပိုၿပီး အဓိပၸာယ္ရွိပါတယ္။

ဘဝ အတြက္ ေငြ ကို တတ္ႏိုင္သေလာက္ရွာပါ. . .ေငြရွိတဲ့ အခ်ိန္မွာ ဘဝကို ေပ်ာ္႐ႊင္ စြာျဖတ္သန္းပါ. ..တခ်ိဳ႕ေတြကေတာ့ ေငြေၾကးခ်မ္းသာေနခ်ိန္မွာေတာင္ တစ္ဦးအေပၚတစ္ဦး နားလည္မႈေတြ မရွိၾကတဲ့အခါ မေပ်ာ္႐ႊင္ရဘဲ ပူေလာင္ေနၾကရပါတယ္။

ခ်စ္သူ ႏွစ္ဦး၊ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ဒါမွ မဟုတ္ မိသားစု တစ္စုဟာ ေငြရွိခ်ိန္မွာ အဆင္ေျပေျပေနႏိုင္ၿပီး ေပ်ာ္႐ႊင္ ဖို႔လြယ္သေလာက္ အဆင္မေျပမႈေတြနဲ႔ ေငြေၾကးအခက္အခဲ ျဖစ္ေနခ်ိန္မွာ တစ္ဦးနဲ႔ တစ္ဦး အဆင္ဆင္ေျပေျပ ေနထိုင္ၾကဖို႔ ခက္ခဲလာတတ္ၾကပါတယ္။

ေသခ်ာစဥ္းစားၾကည့္ၾကရေအာင္. . .သင္တို႔ ခ်စ္သူ ႏွစ္ဦး / ဇနီးေမာင္ႏွံ ႏွစ္ဦး အဆင္မေျပမႈေတြနဲ႔ ေငြေၾကးခက္ခဲေနခ်ိန္မွာ စိတ္ဆင္းရဲၾကရတာဟာ ကိုယ္တစ္ေယာက္ထဲလား ဆိုတာကိုေပါ့. . . .။

ခ်စ္သူ ႏွစ္ဦး / ဇနီးေမာင္ႏွံ ႏွစ္ဦးမွာ အဆင္မေျပမႈေတြနဲ႔ ေငြေၾကးခက္ခဲေနခ်ိန္မွာ စိတ္ဆင္းရဲရတာဟာ ႏွစ္ဦးစလုံးပါပဲ. . .ေယာက္က်ားျဖစ္သူကလည္း ေငြရွာမေပးႏိုင္တဲ့အတြက္ စိတ္အားငယ္ၿပီး ကိုယ့္မိန္းမအတြက္ စိတ္မေကာင္းျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္သလို ခံစားရပါတယ္။

မိန္းမျဖစ္သူကလည္း သုံးစရာ ေငြမရွိတဲ့အခါ စိတ္အားငယ္ရ ပတ္ဝန္းက်င္မွာ မ်က္ႏွာငယ္ရ ျဖစ္ရပါတယ္။

ဒီလိုအခ်ိန္မွာ အမ်ားစု မွားတတ္တာက စိတ္ညစ္တာကို မွားယြင္းစြာ ထြက္ေပါက္ရွာမိၾကတာပါပဲ. . .မိန္းမျဖစ္သူက စိတ္ညစ္ေနတာကို ထြက္ေပါက္ရွာတဲ့အေနနဲ႔ ေယာက္က်ားျဖစ္သူကို အျဖစ္မရွိဘူး လူညံ့ ေငြမရွာႏိုင္ဘူး ဆိုၿပီး အျပစ္တင္မယ္. . .ေယာက္က်ားျဖစ္သူက ထြက္ေပါက္ရွာတဲ့ အေနဲ႔ အရက္ေသာက္မယ္. .မူးမယ္. .ၿပီးရင္ ရန္ျပန္ျဖစ္မယ္. . .။

ဒါေတြဟာ မိသားစု တစ္စု ၿပိဳကြဲေစမယ့္ လမ္းစေတြပါပဲ

သင္တို႔ ဇနီး ေမာင္ႏွံ အဆင္မ ေျပခ်ိန္ ေငြေၾကးခက္ခဲေနခ်ိန္မွာ တစ္ဦးမ်က္ႏွာ ကို တစ္ဦး ေသခ်ာၾကည့္ဖူးရဲ႕လား? မၾကည့္ဖူးေသးရင္ ေသခ်ာၾကည့္ ၾကည့္ပါ. . .ႏွစ္ဦးစလုံးရဲ႕ မ်က္ႏွာမွာ ပူေလာင္မႈေတြနဲ႔ ညႇိဳးႏြမ္းေနတာကို ေတြ႕ရပါလိမ့္မယ္. . .ဒီအခ်ိန္မွာ အလိုအပ္ဆုံးက တစ္ဦးကို တစ္ဦး ပိုၿပီး ဂ႐ုစိုက္ရမွာပါ. .ပိုၿပီး နားလည္မႈေပးရမွာပါ. . .ပိုၿပီးၾကင္နာမႈေပေးရမွာပါ. . .။

အဆင္ေျပခ်ိန္မွာ အတူတူေပ်ာ္႐ႊင္ခဲ့ၾကသလို အဆင္မေျပခ်ိန္မွာလည္း တစ္ဦးကိုတစ္ဦး ႏွစ္သိမ့္ေပးၿပီး အခက္အခဲေတြကို အတူရင္ဆိုင္ေက်ာ္ျဖတ္ၾကမွသာ သာယာတဲ့ ဘဝတစ္ခုကို တည္ေဆာက္ႏိုင္ၾကမွာ ျဖစ္ပါတယ္အားလုံးေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။ Credit : burmese.asia

 

Be the first to comment

Leave a Reply

Your email address will not be published.


*