ဒီနည်းနဲ့ကုရင် အောက်ဆီဂျင်မလိုတော့ပါဘူးခင်ဗျာ

ဒီနည်းနဲ့ကုရင် အောက်ဆီဂျင်မလိုတော့ပါဘူးခင်ဗျာ

အိမ်တွင်းကုထုံးတွေနဲ့ကုလိုက်တာအောက်ဆီဂျင် ၉၉ ထိပြန်တက်လာပါပြီ မနေ့က၆ဝအောက်ကျလို့အောက်ဆီဂျင်အိုးမရရင်မတတ်နိုင်တော့ဘူးလို့ပြောတဲ့ဆရာကဒီနေ့ဆေးခန်းသွားပြတော့ အမဘာတွေများလုပ်လိုက်တာလဲ မသေတော့ဘူးအသက်ပြင်းလိုက်တာလို့တောင်ပြောယူရတယ်

ဒါကတော့အမေအောက်ဆီဂျင်ကျနေတုန်းလုပ်ခဲ့တဲ့အိမ်တွင်းနည်းတွေပါ

၁။ ဆေးခန်းကပြန်လာတော့လူနာကကြောက်တာနဲ့စိတ်လှုပ်ရှားပြီးအသက်တောင်သိပ်မရှူနိုင်တော့ပါဘူး။

ခေါင်းအောက်၊ရင်ဘတ်အောက်၊ဗိုက်အောက်ခြေထောက်အောက်မှာ(၁၊၂၊၂၊၁)ပုံစံခေါင်းအုံးထားပြီးမှောက်ခိုင်းတယ်။ပြီးတော့ရေနွေးအိပ်ကိုဘယ်ဘက်ကျောမှာကပ်ပေးတယ်။

၂။ကြက်ဥ၊သံပုရာသီး၊ပျားရည်ကိုရောဖျော်ပြီး ဝင် အောင်တိုက်ပါတယ်။

၃။ဂွေးတောက်ရွက်၊ပင်စိမ်းကိုရေနွေးပူပူထဲထည့်ပြီးရှူနိုင်သလောက်ရှူခိုင်းပါတယ်။

၄။ကြက်ပြုတ်ရည်တိုက်တယ်(အစာမဝါးနိုင်လို့)ဆန်ပြုတ်တိုက်ပြီးဆေးတိုက်ပါတယ်။

အမေအိပ်နေတဲ့အချိန်မှာအသံတွေမဆူညံအောင်ဂရုစိုက်တယ် ။အိပ်မောကျတဲ့ထိစောင့်ကြည့်တယ် ။ကိုယ့်ကိုယ်ကိုအားကိုးဖို့ပြောတယ်။

တရားဖွင့်ပေးတယ်။ပြတင်းပေါက်တွေဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်လုပ်ပေးတယ် ။ခုတော့အခက်အခဲဆုံးအချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါပြီ။

စဖျားတာကနေအခုထိ၁ဝရက်ရှိပြီဆိုတော့နောက်၄ရက်ဆက်စောင့်ကြည့်ဖို့ပြောပါတယ်။အခုအမေကလန်းလန်းဆန်းဆန်းပါပဲအစားလဲစားနိုင်ပါပြီ။

အမေကစိတ်ပျော့တဲ့သူပါစိတ်ဓာတ်ကျလွယ်သူပါရောဂါအခံလဲရှိပါတယ်။စိတ်သာမာရင်အားလုံးကျော်ဖြတ်နိုင်ပါတယ်။

မနေ့ကအောက်ဆီဂျင်ဝိုင်းရှာပေးတဲ့ရှာဖို့ကူညီတဲ့သူအားလုံးကိုလဲကျေးဇူးအများကြီးတင်ပါတယ်

မှတ်ချက်။ ။

အရေးကြုံရင်အောက်ဆီဂျင်လိုက်ရှာနေလို့ပဲမရပါဘူး။ဖုန်းအလုံးပေါင်း၁၀၀ နီးပါးလောက်ခေါ်ပေမယ့်မရခဲ့ပါဘူး။

အမေ့အသက်အတွက်အောက်ဆီဂျင်ကိုပဲအားကိုးနေရင် မနေ့ကအမေအသက်မရှင်နိုင်လောက်ပါဘူး။အဲ့တာကြောင့်အရေးကြုံရင်လုပ်လို့ရမယ့်အရေးပေါ်နည်းလေးတွေမှတ်ထားပါ။

လူနာကိုပက်လက်မထားဖို့လုံးဝသတိပြုပါ။

Credit,

ဒီနည္းနဲ႔ကုရင္ ေအာက္ဆီဂ်င္မလိုေတာ့ပါဘူးခင္ဗ်ာ

အိမ္တြင္းကုထုံးေတြနဲ႔ကုလိုက္တာေအာက္ဆီဂ်င္ ၉၉ ထိျပန္တက္လာပါၿပီ မေန႔က၆၀ေအာက္က်လို႔ေအာက္ဆီဂ်င္အိုးမရရင္မတတ္နိုင္ေတာ့ဘူးလို႔ေျပာတဲ့ဆရာကဒီေန႔ေဆးခန္းသြားျပေတာ့ အမဘာေတြမ်ားလုပ္လိုက္တာလဲ မေသေတာ့ဘူးအသက္ျပင္းလိုက္တာလို႔ေတာင္ေျပာယူရတယ္

ဒါကေတာ့အေမေအာက္ဆီဂ်င္က်ေနတုန္းလုပ္ခဲ့တဲ့အိမ္တြင္းနည္းေတြပါ

၁။ ေဆးခန္းကျပန္လာေတာ့လူနာကေၾကာက္တာနဲ႔စိတ္လႈပ္ရွားၿပီးအသက္ေတာင္သိပ္မရႉနိုင္ေတာ့ပါဘူး။

ေခါင္းေအာက္၊ရင္ဘတ္ေအာက္၊ဗိုက္ေအာက္ေျခေထာက္ေအာက္မွာ(၁၊၂၊၂၊၁)ပုံစံေခါင္းအုံးထားၿပီးေမွာက္ခိုင္းတယ္။ၿပီးေတာ့ေရေႏြးအိပ္ကိုဘယ္ဘက္ေက်ာမွာကပ္ေပးတယ္။

၂။ၾကက္ဥ၊သံပုရာသီး၊ပ်ားရည္ကိုေရာေဖ်ာ္ၿပီး ဝင္ ေအာင္တိုက္ပါတယ္။

၃။ေဂြးေတာက္ရြက္၊ပင္စိမ္းကိုေရေႏြးပူပူထဲထည့္ၿပီးရႉနိုင္သေလာက္ရႉခိုင္းပါတယ္။

၄။ၾကက္ျပဳတ္ရည္တိုက္တယ္(အစာမဝါးနိုင္လို႔)ဆန္ျပဳတ္တိုက္ၿပီးေဆးတိုက္ပါတယ္။

အေမအိပ္ေနတဲ့အခ်ိန္မွာအသံေတြမဆူညံေအာင္ဂ႐ုစိုက္တယ္ ။အိပ္ေမာက်တဲ့ထိေစာင့္ၾကည့္တယ္ ။ကိုယ့္ကိုယ္ကိုအားကိုးဖို႔ေျပာတယ္။ တရားဖြင့္ေပးတယ္။

ျပတင္းေပါက္ေတြဖြင့္ၿပီးေလဝင္ေလထြက္ေကာင္းေအာင္လုပ္ေပးတယ္ ။ခုေတာ့အခက္အခဲဆုံးအခ်ိန္ကိုေက်ာ္ျဖတ္နိုင္ခဲ့ပါၿပီ။

စဖ်ားတာကေနအခုထိ၁၀ရက္ရွိၿပီဆိုေတာ့ေနာက္၄ရက္ဆက္ေစာင့္ၾကည့္ဖို႔ေျပာပါတယ္။အခုအေမကလန္းလန္းဆန္းဆန္းပါပဲအစားလဲစားနိုင္ပါၿပီ။

အေမကစိတ္ေပ်ာ့တဲ့သူပါစိတ္ဓာတ္က်လြယ္သူပါေရာဂါအခံလဲရွိပါတယ္။စိတ္သာမာရင္အားလုံးေက်ာ္ျဖတ္နိုင္ပါတယ္။

မေန႔ကေအာက္ဆီဂ်င္ဝိုင္းရွာေပးတဲ့ရွာဖို႔ကူညီတဲ့သူအားလုံးကိုလဲေက်းဇူးအမ်ားႀကီးတင္ပါတယ္

မွတ္ခ်က္။ ။

အေရးၾကဳံရင္ေအာက္ဆီဂ်င္လိုက္ရွာေနလို႔ပဲမရပါဘူး။ဖုန္းအလုံးေပါင္း၁၀၀ နီးပါးေလာက္ေခၚေပမယ့္မရခဲ့ပါဘူး။

အေမ့အသက္အတြက္ေအာက္ဆီဂ်င္ကိုပဲအားကိုးေနရင္ မေန႔ကအေမအသက္မရွင္နိုင္ေလာက္ပါဘူး။အဲ့တာေၾကာင့္အေရးၾကဳံရင္လုပ္လို႔ရမယ့္အေရးေပၚနည္းေလးေတြမွတ္ထားပါ။လူနာကိုပက္လက္မထားဖို႔လုံးဝသတိျပဳပါ။

Credit,

Be the first to comment

Leave a Reply

Your email address will not be published.


*