နှစ်နှစ်ခြိုက်ခြိုက်ဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုလိုက်ပါရစေခင်ဗျာ

နှစ်နှစ်ခြိုက်ခြိုက်ဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုလိုက်ပါရစေခင်ဗျာ

(သာဓု သာဓု သာဓု)

ကျန်းမာရေးအခြေအနေက မသေချာတော့လို့ သံဃာတော်ပင့်ပြီး ဝါဆိုသင်္ကန်းကပ် သရဏဂုံဆောက်တည် သီလယူသတဲ့။ ဆရာတော်ကလည်း PPE ဝတ်ကာ အကျိုးဆောင် ကြွပေးတယ်။

အဖြစ်အပျက်နဲ့ သတင်းပုံလေးကို မြင်ရတော့ အလှူရှင်ရဲ့ ရောဂါဝေဒနာခံစားနေရမှုကို ဝမ်းနည်းမိတာထက် အလှူရှင်ရဲ့ အသိနဲ့ သတိကို လေးစားအားကျတဲ့ စိတ်ကပိုနေမိပါတယ်။

လောကကြီးနဲ့ လူ့ဘဝကြီးမှာ အသိဟာ ဝယ်ယူလို့ရတယ်။ လေ့လာသင်ယူလို့ရတယ်။ မေးယူလို့ရတယ်။ လူတိုင်းမှာ အသိရှိနေတတ်ကြတယ်။

သို့သော် အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီး ရှိနေတဲ့ အသိတွေကို ထုတ်သုံးဖို့ သတိမေ့နေတတ်ကြတယ်။

မိမိကိုယ်တိုင် သိရှိပြီးဖြစ်နေတဲ့ တချို့သော အသိနဲ့ သတိတရားတွေဟာ များစွာသောအမှောင်တွေအောက်မှာ နစ်မြုတ်နေတတ်ကြတယ်။

မည်သို့ပင်ဆိုစေကာမူ ထိုအလှူရှင်သည် ထိုအလှူရဲ့အကျိုးကျေးဇူးကို ပြည့်ဝသည်ထက်ပို၍ ကောင်းကျိုးချမ်းသာခြင်းကို ခံစားရပါစေ။

ခံစားနေရသော ရောဂါ ဝေဒနာသည်လည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။

အလှူရှင်၏ အလှူအားလည်း နှစ်နှစ်ခြိုက်ခြိုက်ဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုလိုက်ပါရစေခင်ဗျာ။

(သာဓု သာဓု သာဓု)

လေးစားစွာဖြင့်..

Thein Than Win (ထိန်ကန်)

Photo Credit – ဂရုဏာပျိုးခင်းဆရာတော်

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျဖင့္ သာဓု သုံးႀကိမ္ ေခၚဆိုလိုက္ပါရေစခင္ဗ်ာ

(သာဓု သာဓု သာဓု)

က်န္းမာေရးအေျခအေနက မေသခ်ာေတာ့လို႔ သံဃာေတာ္ပင့္ၿပီး ဝါဆိုသကၤန္းကပ္ သရဏဂုံေဆာက္တည္ သီလယူသတဲ့။ ဆရာေတာ္ကလည္း PPE ဝတ္ကာ အက်ိဳးေဆာင္ ႂကြေပးတယ္။

အျဖစ္အပ်က္နဲ႔ သတင္းပုံေလးကို ျမင္ရေတာ့ အလႉရွင္ရဲ့ ေရာဂါေဝဒနာခံစားေနရမႈကို ဝမ္းနည္းမိတာထက္ အလႉရွင္ရဲ့ အသိနဲ႔ သတိကို ေလးစားအားက်တဲ့ စိတ္ကပိုေနမိပါတယ္။

ေလာကႀကီးနဲ႔ လူ႔ဘဝႀကီးမွာ အသိဟာ ဝယ္ယူလို႔ရတယ္။ ေလ့လာသင္ယူလို႔ရတယ္။ ေမးယူလို႔ရတယ္။ လူတိုင္းမွာ အသိရွိေနတတ္ၾကတယ္။

သို႔ေသာ္ အေျခအေနနဲ႔ အခ်ိန္အခါေပၚမွာ မူတည္ၿပီး ရွိေနတဲ့ အသိေတြကို ထုတ္သုံးဖို႔ သတိေမ့ေနတတ္ၾကတယ္။

မိမိကိုယ္တိုင္ သိရွိၿပီးျဖစ္ေနတဲ့ တခ်ိဳ႕ေသာ အသိနဲ႔ သတိတရားေတြဟာ မ်ားစြာေသာအေမွာင္ေတြေအာက္မွာ နစ္ျမဳတ္ေနတတ္ၾကတယ္။

မည္သို႔ပင္ဆိုေစကာမူ ထိုအလႉရွင္သည္ ထိုအလႉရဲ့အက်ိဳးေက်းဇူးကို ျပည့္ဝသည္ထက္ပို၍ ေကာင္းက်ိဳးခ်မ္းသာျခင္းကို ခံစားရပါေစ။

ခံစားေနရေသာ ေရာဂါ ေဝဒနာသည္လည္း အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေစ။

အလႉရွင္၏ အလႉအားလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျဖင့္ သာဓု သုံးႀကိမ္ ေခၚဆိုလိုက္ပါရေစခင္ဗ်ာ။

(သာဓု သာဓု သာဓု)

ေလးစားစြာျဖင့္..

Thein Than Win (ထိန္ကန္)

Be the first to comment

Leave a Reply

Your email address will not be published.


*